ဖန်ကွဲစတွေဆုပ်ကိုင်မိလို့
သွေးတွေရဲပြီးနာကျင်ရတဲ့ခံစားချက်မျိုးနဲ့လည်း
ခင်ဗျားကိုချစ်တယ်ကောင်းကင်ကကြယ်ကိုမှ
ငါ့အပိုင်ငါ့အပိုင်လို့ရေရွတ်ပြီးလည်း
ခင်ဗျားကိုရူးရတယ်စိတ်ပျက်လက်ပျက်လည်းချစ်တယ်
စိတ်ပါလက်ပါလည်းချစ်ရတယ်
ဘယ်လိုနည်းမျိုးနဲ့ချစ်ပေးရမလဲ!
နည်းမျိုးစုံနဲ့သောက်ရမ်းရိုဆန်အောင်ချစ်ပြနိုင်ဖို့
ကျနော်တွေးမယ်
ကျနော့်ကိုဒဏ်ရာမျိုးစုံပေးပြီး
ချစ်ရတာစိတ်ကုန်သွားအောင်လုပ်ဖို့ပဲ
ခင်ဗျားတွေးပါ
YOU ARE READING
တောင်းဆု
Poetryသတိ! ခြွေသမျှတောင်းဆုတို့သည် မပြည့်မြောက်သောအခါဝယ် နှလုံးသားကိုကြွေကျစေတတ်၏။