လူပီပီသသပဲကျနော်တော့ချစ်ကြည့်ချင်ပါတယ်
ငေးကြည့်နေရုံနဲ့ဖြစ်တယ်လို့ပြောပြီး
ပိုင်ဆိုင်ခွင့်အတွက်လည်းလောဘတက်ကြည့်ချင်တယ်
ခင်ဗျားရဲ့မိန်းကလေးသူငယ်ချင်းတွေကို
သဝန်တိုမယ်
အမြင်ကတ်မယ်
ခင်ဗျားရဲ့ရည်းစားကို
ကျိန်ဆဲမယ်
မနာလိုမယ်
မုန်းတီးမယ်
နောက်ဆုံးခင်ဗျားလျှောက်ဖီးလ်တဲ့statusတွေကအစ
Angry reactပေးပြီးစိတ်ဆိုးကြည့်ချင်တယ်
လူပီပီသသပဲပေါ့
ကျနော်ဟာနတ်သမီးမှမဟုတ်ပဲ*ကျနော်တော့လေ
မပိုင်ဆိုင်ရတဲ့အချစ်ကိုသိပ်ကြောက်တာပဲ*
ခင်ဗျားချစ်သမျှအရာရာကိုလိုက်ချစ်ဖို့မတတ်နိုင်တဲ့အခါ
လူပီပီသသမုန်းပစ်လိုက်ချင်ပါတယ်နတ်သမီးပုံပြင်ထဲကမင်းသမီးမှဖြစ်ခွင့်မရတာ
အရံဇာတ်ကောင်တွေဗီလိန်ဖြစ်တာသဘာဝပဲမလားပျော်ပါစေလို့ဆုတောင်းပေးတာ
ခင်ဗျားတယောက်အတွက်ပဲလေ
သူမအတွက်မှမပါတာကျနော်တော့လူသားဆန်ဆန်ခင်ဗျားကိုချစ်ပါတယ်
လူပီပီသပဲသူမကိုမုန်းတယ်#ပိုပိုဖီးနစ်ကတော့
လူပီပီသနွေးထွေးချင်တယ်လို့်စာသားလေးတခုရေးဖူး
တယ်
လူပီပီသသချစ်တယ်ကအခြားကဗျာဆရာတွေလည်း
သုံးဖူးကြမယ်ထင်တယ်(ကိုယ်တော့အဲ့စာသားလေးကို
ဖတ်ဖူးသလိုပဲ)
ဘာရယ်မဟုတ်လူပီပီသသချစ်တယ်လို့်ရေးချင်လာလို့
ရေးကောင်းကောင်းနဲ့ရေးတာရှည်သွားတယ်မသိဘူးလူပီပီသသအကျင့်ပုတ်မယ်😝😝
YOU ARE READING
တောင်းဆု
Poetryသတိ! ခြွေသမျှတောင်းဆုတို့သည် မပြည့်မြောက်သောအခါဝယ် နှလုံးသားကိုကြွေကျစေတတ်၏။