l Love Heart (ep.2)

800 107 32
                                    


ရုပ်​ရှင်​ကြည့်​ပြီးအိမ်​အပြန်​လမ်း၊ လမ်းထိပ်​မှာ
အကိုဂျယ်​ဟွန်း​စောင့်​​နေသည်​မို့ သူ့ရှိတဲ့နား ကားရပ်​ကာ
ဆင်းလိုက်​သည်​ကားရပ်​ရုံရှိ​သေး အကိုဂျယ်​ဟွန်းကအတင်း
ကားတံခါးကိုဖွင့်​ပြီး ဒုန်း ဒိုင်း ​ဆောင့်​ကာလုပ်​သည်​။

" အကိုဂျယ်​ဟွန်းမျက်​နှာကြီးက​လည်း သုန်​မှုန်​ပုပ်​သိုးလို့၊
ဘယ်​လိုဖြစ်​​နေတာလဲ ဒီမှာကားရပ်​ရုံရှိ​သေး ဘာလို့အသည်းသန်​​လော​နေရတာလဲ"

"တိတ်​စမ်း ဘာစကားမှမ​ပြောနဲ့ မကြားချင်​ဘူး ​ဂျောင်​ဆူး၊
ပါးစပ်​ပိတ်​ပြီး ကား​ပေါ်ကဆင်း ​တော်​​တော်​လည်​ပြီးညဏ်
များတဲ့​ကောင်​​လေး ငါမင်းကိုထုချင်​​နေတာ​နော်​ စိတ်​ကိုလာမဆွနဲ့"

"ဟ...ဘလိုင်းကြီးပါလား ဘာ​တွေအခဲမ​ကျေဖြစ်​"

"အဟက်​..မသိချင်​​ယောင်​​ဆောင်​တယ်​​ပေါ့
မင်းအခုငါ့ကိုပညာပြသွားတာလုံးဝမ​ကျေနပ်​ဘူး"

"အိမ်​ကစထွက်​လာကတည်းက ရုပ်​ရှင်​ကြည့်​မလို့
ဆိုပြီးထွက်​လာတာ​လေ အခုမှ ကျွန်​​တော်​ကိုလာပြီး
ဟောက်​မ​နေနဲ့ ပြသနာစရှာပြီး ရုပ်​ရှင်​လိုက်​မကြည့်​ပဲ​နေတာ
အကို့အပြစ်​​နော်​ မ​ကျေနပ်​လဲမတက်​နိုင်​ဘူး"

"​တော်​စမ်း.... ​တော်​​တော်​မုန်းဖို့​ကောင်းတဲ့ ​ကောင်​​လေး"

အကိုဂျယ်​ဟွန်းအသံကြီးက မာဆတ်​ကာ မျက်​နှာကြီးကလည်းနီရဲတွတ်​လို့ ဒီ​လောက်​ထိကျွန်​​တော်​လုပ်​ရပ်​က အကိုဂျယ်​ဟွန်း​ပေါ်ထိခိုက်​​ဒေါသထွက်​လိမ့်​မယ်​လို့မထင်​ထားမိ ကျွန်​​တော်​မရည်​ရွယ်​ပါဘူး အကို့ကိုစ​နောက်​ရုံသက်​သက်​​လေးသာလုပ်​ခဲ့တာပါ။ကား​ပေါ်ကဆင်း​ပေးကာ တစ်​ဖက်​ခြမ်းကိုသွားမည်​အပြု......။

"ဒါကဘယ်​သွားမို့လဲ ​နောက်​ခန်းမှာသွားထိုင်​"

ကား​မောင်း​နေတဲ့​နေရာတွင်​ ဝင်​ထိုင်​ပြီး ကားတံခါးကို
ဆောင့်​​အောင့်​ကြီးဆွဲပိတ်​ကာ ကျွန်​​တော်​ကိုကား​နောက်​ခန်းမှာထိုင်​​စေသည်​။

l Love HeartWhere stories live. Discover now