l Love Heart(ep.1)

1.4K 126 55
                                    

အာဒံ ​၊ဧဝရဲ့ 
ပထမဧဒင်​ဟာ
ရင်​ခွင်​တို့ရဲ့ လိပ်​ပြာ
မေတ္တ္တာတို့ရဲ့ မြို့ပြ
လိုတရနှုတ်​ခမ်း​တွေနဲ့
အနမ်း​တွေကို​မွေးဖွား
အဲဒီ အ​သွေးအသားက
ကိုယ်​ပွားကျန်​ရစ်​ အချစ်​တွင်​သတဲ့.....။

က​လေးတဲ့...။
ဟင့်​အင်း.....။
ကျွန်​​တော်​ကို အဲသလို​ခေါ်တာကြီးမကြိုက်​ပါဘူး။တကယ်​ဆို.....
ကျွန်​​တော်​အသက်​(၁၈)နှစ်​ပြည့်​ပြီးတာ​တောင်​ကြာခဲ့ပြီ​လေ။
လုံးလုံးတုံးတုံး​လေးနဲ့ မျက်​နှာ​လေးနဲ့လိုက်​​အောင်​ကို​ယ်​ဟန်​လး​ကြောင့်​သိပ့်​ချစ်​စရာ​ကောင်းတာပဲလို့အများကချီးမွမ်းရတဲ့
မျက်​နှာ​လေး​ကြောင့်​ က​လေးတစ်​​ယောက်​လိုသတ်​မှတ်​လိုက်​တာတကယ်​ကိုမတရားတာပဲ ကျွန်​​တော်​က​ယောကျာင်္း​လေး​လေကြည့်​​ကောင်းတယ်​လို့ မြင်​ရမယ့်​ဟာကို................!

"အန်​တီ"....အကိုဂျယ်​ဟွန်းရှိလားဟင်​"

" ရှိတယ်​သား...လာ​လေ"

"ဟုတ်​ကဲ့"

တံခါး​ပေါက်​ဝ​လေးတွင်​ရပ်​ပြီးအိမ်​ထဲသို့မျက်​လုံး​လေး​ဝေ့ဝဲကာဧည့်​ခန်းထဲကြည့်​ပြီး အိမ်​ထဲသို့ ​ခြေက​လေး​ဆောင့်​ကာဝင်​ခဲ့မိသည်​။ အမူအရာ​လေးကိုကြည့်​ပြီး အကိုဂျယ်​ဟွန်းအ​မေကကြည့်​ကာ၊ ပြုံးကာ.....အိမ်​နီးချင်းနှစ်​အိမ့်​တစ်​အိမ်​လို​နေကြပြီးအကို​ဂျောင်​ဟွန်း​ပေါ်ညီတစ်​​ယောက်​လိုချွဲတက်​သည်​။

"​ဂျောင်​ဆူးသား..နှုတ်​ခမ်းကြီးကလည်းစူပုတ်​​နေတာပါလား
ဘာလဲ သားဂျယ်​ဟွန်းနဲ့ စိတ်​​ကောက်​​နေပြန်​ပြီလား"

"ကျွန်​​တော်​......"

အန်​တီအ​မေးကို ပြန်​မ​ဖြေပဲ ခပ်​​ပေ​ပေထိုင်​​နေမိသည်​။

"သား..​ဂျောင်​ဆူးအန်​တီကို​ပြောဦး​လေ သားတို့ဘာ​တွေဖြစ်​ပြန်​ပြီလဲ"

"ဘာမှမဖြစ်​ဘူး ​မေ​မေ"

ဟင်​...."!
ဖြေလိုက်​သံကြီးက ကျွန်​​တော်​​နောက်​​ကျောဖက်​ဆီမှထွက်​လာတာမို့လန့်​ဖျန့်​ပြီးလှည့်​ကြည့်​လိုက်​​တော့အကိုဂျယ်​ဟွန်း
ဖြစ်​​နေ၏။

l Love HeartWhere stories live. Discover now