l Love Heart (ep.4)

766 94 19
                                    

"အကိုဂျယ်​ဟွန်း"

"​ပြော"

"ကျွန်​​တော်​အတွက်​ ကားဝယ်​​ပေးဖို့​ရော စိတ်​ကူးရှိ​သေးရဲ့ လား"

"အကို ရှာထားပြီးပါပြီ ​ဈေးနှုန်းကလည်းမဆိုးဘူး မနက်​ဖြန်
ကားလာပြလိမ့်​မယ်​၊ အဲ့ဒီခါကျမှကြိုက်​တာကို​ရွေး​ပေါ့။"

"တကယ်​လား...."

"တကယ်​​ပေါ့...​ဂျောင်​ဆူးရယ်​"

"အဟ...အဟ ကားသစ်​​လေးကိုယ်​တိုင်​​မောင်းပြီး
ပတ်​သွားလို့ရ​တော့မယ်​ကွ"

စိတ်​လွတ်​ကိုယ်​လွတ်​​ပျော်​ရွှင်​​နေ​သော ​ဂျောင်​ဆူးကို
ကြည့်​ပြီး အတူတူလိုက်​မ​ပျော်​နိုင်​သူက ဂင်​ဂျယ်​ဟွန်းပင်
နောက်​ဆိုလျှင်​ ဘယ်​သွားသွားလိုက်​ပို့​ပေးခွင့်​သူ့မှာဆုံးရှုံး
သွားရ​တော့မယ်​​လေ~

ကိုယ်​​လေ မင်း​ပေါ် ဘယ်​လိုသံ​ယောဇဉ်​မျိုး​တွေနဲ့ တွယ်​တာ​နေမိပြီလဲဆိုတာ ပြန်​ပြီးစဉ်းစား​တွေး​တော​နေရပြီ
ဂျောင်​ဆူးရယ်​ ဟိုးအရင်​ကလို ရိုးသား​သေးရဲ့ လားလို့ပြန်​သုံးသပ်​​နေရပြီ။

"အကိုဂျယ်​ဟွန်း"

"........"

"အကိုဂျယ်​ဟွန်း"

"ဟင်​"

"ကျွန်​​တော်​ကို ​ပြော​လေ ဘာ​ပြောစရာရှိလို့လဲ"

ဂျောင်​ဆူးကို​ငေးကြည့်​ပြီး ဘာစကားမှမ​ပြောဘဲငြိမ်​သက်
တိတ်​ဆိတ်​​နေတဲ့ ဂျယ်​ဟွန်းကို ​ဂျောင်​ဆူးပြန်​​မေးလိုက်​သည်​။

"အကိုဂျယ်​ဟွန်း"

"ဟင်​"

"ဘာဖြစ်​​နေတာလဲ"

"အကို စိတ်​တွေ​ထွေပြားပြီး အရမ်းညစ်​​နေတယ်
ဘာလုပ်​ရမှန်းလည်းမစဉ်းတက်​​တော့ဘူး ​ဂျောင်​ဆူးရယ်​"

"စီးပွား​ရေး​ကြောင့်​လား?~"

"ဟင့်​အင်း"

"ဒါဆို အချစ်​​ရေးလား"

"ဘာ"

"တိုးတိုး​အော်​ပါ အကိုဂျယ်​ဟွန်းရယ်​ လူကိုလန့်​သွားတာပဲ
လိပ်​ပြာ​လေး​ရေ ကလူ ကလူ"

l Love HeartWhere stories live. Discover now