Chapter_65

55 2 0
                                    

Happy birthday
မွေး​နေ့မှာ စိတ်​အ​နှောင့်​အယှက်​ဖြစ်​စရာ​တွေ မရှိလာ​စေဖို့ ဆု​တောင်းပါတယ်​ တစ်​နှစ်​ပတ်​လုံး ​ဘေးမသီရန်​မခ ကျန်းမာ​နေပါ​စေ အခု​မွေး​နေ့မှစပြီး​အလိုရှိတဲ့သူ​တွေဆီကသာ ချစ်​ခြင်း​မေတ္တာ​တွေရရှိပြီး ​နွေး​ထွေးပါ​စေ

ခင်​များ ​မွေး​နေ့​ရောက်​ပြီ​ပေါ့​နော်​...........
ကျ​တော်​က​တော့ အခုချိန်​အထိ ဇွဲ​ကောင်းဆဲပဲ မကြာခဏ အဆုံးသတ်​ပြီလို့ ​အော်​ဟစ်​​နေ​ပေမယ့်​လဲ ကျ​တော်​ အဆုံးသတ်​ဖို့ မကြိုးစားနိုင်​ခဲ့ဘူး ဟင့်​အင်း အဆုံးသတ်​ဖို့ ဘယ်​​တော့မှ မကြိုးစားခဲ့တာဆို ပိုမှန်​မလားဘဲ တခါတ​လေ ကျ​တော့ရဲ့ ဇွဲ​ကောင်း​နေမှု့​တွေဟာ ခင်​များကို စိတ်​ကျဉ်းကျပ်​​စေမှာ သိပ်​​ကြောက်​တာပဲ ဒါ​ပေမယ့်​ ကျ​တော်​ မတတ်​နိုင်​ဘူး တခု​တော့ ကတိ​ပေးနိုင်​တယ်​ ကျ​တော်​ ခင်​များမြင်​သာ​အောင်​ ဘယ်​​တော့မှ ကြိုးစား​တော့မှာ မဟုတ်​ဘူး ကျ​တော်​က စင်​​နောက်​ကလူပါ ကျ​တော်​ ကျ​တော့​နေရာကို ​ကောင်း​ကောင်းသိပါတယ်​ တခါတ​လေ ကျ​တော်​ ရူးရူးမိုက်​မိုက်​ကို ကြိတ်​ဆု​တောင်းမိ​သေးတယ်​ ခင်​များနဲ့ ခင်​များမမနဲ့ အဆင်​​ပြေသွားပါ​စေလို့​ပေါ့..... ဒီလိုဆု​တောင်းလို့ ကျ​တော့်​ကို ရူးတယ်​လို့​တော့ မထင်​​စေချင်​ဘူး ကျ​တော်​ အရာအားလုံးကို နိဂုံးချုပ်​ပစ်​လိုက်​ချင်​လို့ ကျ​တော်​ အရမ်းကို စိတ်​ပင်​ပန်းလူပင်​ပန်းတဲ့အထိကို ဖြစ်​လာခဲ့တဲ့အခါ ခင်​များကို တခြားသူလက်​ထဲ အတင်းကို ထည့်​​ပေးချင်​​နေ​တော့တာပဲ ဒီလိုနဲ့ သူတပါးလက်​ထဲ ​ပျော်​ရွှင်​​နေတဲ့ ခင်​များကို ​ငေး​မောကြည့်​ရင်း ကျ​တော်​ အဆုံးသတ်​ဖို့ မကြိုးစားခဲ့တဲ့ ဇာတ်​လမ်းကို တိတ်​တဆိတ်​ ဇာတ်​သိမ်းသွား​စေချင်​မိတယ်​ ဒါ ခင်​များ​မွေး​နေ့မှာ ​မွေး​နေ့ရှင်​မဟုတ်​တဲ့ ကျ​တော့ရဲ့ ဆု​တောင်းသက်​သက်​ပါ..........

တချိန်က ခင်များ💔Where stories live. Discover now