Chapter_70

45 0 0
                                    

သိရက်​နဲ့ မသိချင်​​ယောင်​​ဆောင်​​နေရတာ ပင်​ပန်းတယ်​မို့လား
ဒါ​ပေမယ့်​ ကိုယ့်​ကို မလိုအပ်​လို့ မသိချင်​​ယောင်​အ​ဆောင်​ခံ​နေရတဲ့ ကျ​တော်​က ပိုပင်​ပန်းမယ်​ဆိုတာ​ကော စဉ်းစားမိရဲ့လား........

ဝဋ်​ဆိုတာ လည်​တတ်​တယ်
ဘယ်​လိုလုပ်​မလဲ ခင်​များက သိပ်​သနားစရာ​ကောင်းတာပဲ​​ ခင်​များကဖြင့်​ ဘာမှ မလုပ်​ရပါ​ပဲ ဝဋ်​​တွေလည်​​နေ​တော့မယ့်​အဖြစ်​ကို ကျ​တော်​မနှစ်​မြို့ဘူး ဒီ​တော့ ခင်​များဝဋ်​မလည်​​စေမယ့်​ ခင်​များသ​ဘောကျနိုင်​​လောက်​တဲ့ နည်းလမ်းတစ်​ခုကို ကျ​တော်​ရှာ​ထားတယ်​ ခင်​များက အခုလိုပဲ ဆက်​ပြီး လျစ်​လျူရှုခြင်း အတတ်​ပညာကို ကျ​တော့တစ်​​ယောက်​ထဲအ​ပေါ်ကွက်​ပြီး ​လေ့ကျင့်​ဦး​ပေါ့ ကျ​တော်​ရဲ့ ချစ်​ခြင်း​တွေကို​တော့ ဆယ်​​ကျော်​သက်​တစ်​​ယောက်​ရဲ့ စိတ်​ကစားခြင်းဆိုတဲ့ ​ခေါင်းစဉ်​​အောက်​ကို ထည့်​လိုက်​ကြမယ်​​လေ မ​ကောင်းဘူးလား ဒီလိုဆို ခင်​များကို​တော့ဖြင့်​ ဝဋ်​မလည်​​စေဘဲ ကျ​တော်​ကသာ ​လေတိုက်​တိုင်း ရင်​ခုန်​လွယ်​တဲ့ ​ပေါ​ကြောင်​​ကြောင်​ချာတိတ်​တစ်​​ယောက်​ဖြစ်​သွားယုံ​လေးပါ ခင်​များအတွက်​တရားမျှတမှာပါ​နော်​.......💔

တချိန်က ခင်များ💔Where stories live. Discover now