Chapter_74

34 1 0
                                    

အခုတ​လော parallel universe ဆိုတာကို လူ​တော်​​တော်​များများ အသုံးများလာကြတယ်​...
ကျ​တော်​​တော့ သ​ဘောမကျပါဘူး သူတို့​တွေကို တကယ်​​ သတ္တိမရှိတဲ့သူ​တွေလို့ပဲ မြင်​တယ်​ သူတို့ခံစားနာကျင်​ရတာ​တွေကို အမှန်​လို့ လက်​ခံနိုင်​စွမ်း မရှိကြဘဲ မရှိတဲ့ အရာကို အရှိလုပ်​ပြီး အ​ယောင်​​ဆောင်​ ​ပျော်​ရွှင်​​နေကြတယ်​.....
ကျ​တော်​က​တော့ အဲ့လို ​ပျော်​ရွှင်​ရတာကို သ​ဘောမကျဘူး ခင်​များနဲ့ ​​ဝေးနိုင်​သမျှ ​ဝေး​ဝေးသွားရမယ်​ဆိုတဲ့ အသိ ကျ​တော်​ဆီ ဖြစ်​တည်​ပြီးကတည်းက ကျ​တော်​ ဆုံးဖြတ်​ချက်​တခုချဖြစ်​တယ်​ ခင်​များ​ရှေ့မှာ အရင်​က မရင့်​ကျက်​​သေးတဲ့ ချာတိတ်​တစ်​​ယောက်​အဖြစ်​ ခင်​များ သတ်​မှတ်​ခဲ့တဲ့ ကျ​တော်​ဟာ ​ကြောက်​ရွံ့မှု့ တစုံတရာ ရှိမ​နေပါပဲ အမှန်​တရားကို ​ကောင်းသည်​ ဖြစ်​​စေဆိုးသည်​ဖြစ်​​စေ လက်​ခံနိုင်​တဲ့ ရင့်​ကျက်​တဲ့သူတစ်​​ယောက်​ဖြစ်​​နေပြီ ဆိုတာမျိုး ကျ​တော့်​အ​ပေါ် ခင်​များ မြင်​သွားရင်​ ​ကျေနပ်​ပြီ အနည်းဆုံး​တော့ ခင်​များ​ကြောင့်​ ကျ​တော်​ တအားမလဲပြိုသွားဘူးဆိုပြီး ခင်​များကို အနိုင်​ပိုင်းနိုင်​မှာ​ပေါ့........

သိပ်​​တော့လဲ မခက်​ခဲလှပါဘူး နာကျင်​မှု့ကို ဖုံးကွယ်​ရင်း ခပ်​ပါးပါးပြုံးပြရတာကို ​နေ့တိုင်း မှန်​​ရှေ့​လေ့ကျင့်​ယုံပါပဲ တကယ်​ မခက်​ခဲပါဘူး ဘယ်​သူမှ ကျ​တော့်​အနားမရှိတဲ့အခါမျိုး မိုးမရွာဘဲ မိုးအုံ့​နေတဲ့အခါမျိုး​တွေမှာ ပါးပြင်​​ပေါ် စိုစွတ်​မှု့ တစုံတရာကို ခံစားလိုက်​ရတာကလွဲလို့ ကျ​တော်​ တအားကို အဆင်​​ပြေ​နေပါတယ်​........

တချိန်က ခင်များ💔Where stories live. Discover now