Chapter_68

46 3 0
                                    

ကျ​တော်​ ခင်​များအတွက်​ ရည်​ရွယ်​ပြီး​ရေးထားတဲ့စာ​တွေကို ရှာပြီး ဖတ်​ကြည့်​ပါ.....
ဖတ်​ပြီးတဲ့အခါ ကိုယ်​နဲ့ ​သွေးမ​တော်​သားမစပ်​တဲ့ ကိုယ်​လိုလူတစ်​​ယောက်​ကို ဒီ​လောက်​​တောင်​ ချစ်​ခဲ့ရသလား ချာတိတ်​ရယ်​ ဆိုပြီး ကျ​တော့အတွက်​ ယူကျုံးမရဖြစ်​​ပေးပါ.....
မင်းကို တစ်​စက်​က​လေးမှ အဖတ်​မလုပ်​ခဲ့တဲ့ ကိုယ်​လိုလူကို ဘာလို့ ဒီ​လောက်​အထိ ချစ်​​ပေးခဲ့ရသလဲလို့ ​အော်​​ငေါက်​ပြီး ကျ​တော့ကို ဆူပါ.......
ခင်​များဆူတဲ့အခါ ဘာဖြေရှင်းချက်​မှမ​ပေးနိုင်​ဘဲ က​လေးတစ်​​ယောက်​လို ငိုယို​နေမယ့်​ ကျ​တော့ကို ကျ​တော်​ ချစ်​​ပေးခဲ့ရတာ​တွေအတွက်​ အသိအမှတ်​ပြု​ပေးတဲ့ အ​နေနဲ့ဖြစ်​ဖြစ်​ ကျ​တော့ကို သနားလို့ပဲ ဖြစ်​ဖြစ်​ ​တစ်​​ခေါက်​လောက်​​ထွေး​ပွေ့​ပေးပါ.....
ကျ​တော်​ အားရ​အောင်​ ငိုပြီးတဲ့အခါမှာ​တော့ မင်းကို ဘယ်​​တော့မှ ပြန်​မချစ်​လာမယ့်​ ကိုယ်​လိုလူတစ်​​ယောက်​ကို ဆက်​မချစ်​ပါနဲ့​တော့ ချာတိတ်​ရယ်​ဆိုပြီး ကျ​တော့ကို နားချပါ.....
ပြီးရင်​​တော့ ခင်​များ ရည်းစားတစ်​​ယောက်​​ကောက်​ထားလိုက်​ပါ........THE END

တချိန်က ခင်များ💔Where stories live. Discover now