◀17▶

9.1K 759 13
                                    

မနက်ခင်း အလင်းရောင်က ပြတင်းပေါက်ကတဆင့် မျက်နှာကို ထိုးကျလာချိန်မှာ ကျနော်သည်လည်း အိပ်ယာက နိုးလာခဲ့သည် ။

နိုးနိုးချင်း လှုပ်ရှားမိတဲ့ ခန္တာကိုယ်ရဲ့ ခါးအောက်ပိုင်း တစ်လျှောက်က ကိုက်ခဲနေ၏ ။ ဒါ့အပြင် စေးကပ်ကပ် ခံစားမှုနဲ့ ကျိန်းစပ်နေတဲ့ အောက်ပိုင်း တစ်နေရာကြောင့် စုပ်သပ်မိပြန်သည် ။

ဘေးဘီကို ဝေ့ဝဲကြည့်မိတော့ လွတ်နေတဲ့ အေးစက်စက် အထိအတွေ့က ပြောင်လှောင်နေသဖွယ် ။

တွန့်ကျေနေတဲ့ အိပ်ယာခင်းစက လွဲရင် မနေ့ညက အတူရှိခဲ့ဖူးတဲ့ သူဆိုတာ ကိုယ်ပျောက်လူသား များလားလို့တောင် ရူးကြောင်ကြောင် ထင်မိပါရဲ့ ။

မျှော်လင့်မိတဲ့ ကျနော်ကပဲ ရူးခဲ့တာပါ ။
Kim Jonginရဲ့ အချစ်ပုစ္ဆာမှာ ထားရစ်ခြင်း ဆိုတဲ့
ပုံသေနည်းကို ခဏ မေ့သွားမိတယ် ။

မဆိုးပါဘူး .. ဒီတစ်ခါ ထားရစ်ခဲ့ခြင်းမှာ အရင်ကလို နှလုံးသားငယ်ဟာ နာကျင်တယ်လို့ မဟစ်အော်တော့ဘူး ။ သူလည်း နာကျင်မှုမှာ အသားကျသွားလို့ ထင်ပါရဲ့ ။

အက်ရာ အထပ်ထပ် ရှိနေတဲ့ နှလုံးသားရဲ့ နောက်ဆုံး
အဆုံးသတ်က ကွဲကြေခြင်းပါပဲ ။

ကုတင်ပေါ်က ကုတင်အောက် ခြေချဖို့တောင် အနိုင်နိုင် ။ ကုတင်ဘေးက စားပွဲပေါ်မှာ လက်ရေးခပ်သော့သော့နဲ့ ရေးထားတဲ့ စာရွက်လေး တစ်ရွက် ။

မနက် အစည်းအဝေးရှိလို့ သည်းငယ်ကို မနိုးတော့ပဲ ကိုယ်အရင် ထသွားလိုက်တယ် ။ အရမ်းနာနေလား ? ပန်းအိုးဘေးမှာ ဆေးပါ ထားပေးခဲ့တယ် ။ သောက်ဖြစ်အောင် သောက်လိုက် ။ arjumaကိုလည်း မနက်စာ အခန်းထဲ လာပို့ခိုင်းထားတယ် ။ အိပ်ယာနိုးနိုးချင်း ကိုယ့်ကို မတွေ့လို့ ငိုမနေနဲ့ အုံးနော် သည်းငယ်

'' နိုးလာလို့ သူ့ကိုမတွေ့ရင် ငိုရအောင် ငါက ကလေးလား ? ကိုကိုရယ် .. ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်း တာပဲနော် ''

တွေးလို့မှ မဆုံးသေး arjumaရဲ့ မနက်စာ လာပို့တယ်ဆိုသော အသံကြောင့် စောင်ထဲ ပြန်ဝင်ရပြန် ။ အဝတ်အစား မပါတဲ့ ကိုယ်ကြောင့်လည်း သူ့ကို စိတ်တိုမိပြန်သည် ။

HIDDENWhere stories live. Discover now