ကမ္ဘာဦး အစကတည်းက ပြဌာန်းထားတဲ့
လောက နိယာမ တစ်ခုဟာ ...အချစ်ခြင်း တူခဲ့သည်ရှိသော်
ပိုချစ်ရသူသည်သာ ပို၍နာကျဉ်ရစမြဲတဲ့ ။___hidden___
ခြံစည်းရိုး တံခါးကို တွန်းဖွင့်လိုက်သည်နှင့် လိမ္မော်နံ့သင်းသင်းက နှာခေါင်းထဲ အလုအယက် ဝင်လာခဲ့တယ် ။
'' Kyungsoo ရေ .. ငါပြန်လာပြီ ''
'' ရေး .. Lulu ပြန်လာပြီ ''
ဝဝတုတ်တုတ် ခန္တာကိုယ်လေးကို မနိုင်မနင်း သယ်ရင်း သူ့ဆီကို တလှုပ်လှုပ်နဲ့ ပြေးလာသည့် ကလေးငယ်အား Luhan ကောက်ပွေ့လိုက်သည် ။
ပါးဖောင်းဖောင်း လေးတွေအား အသည်းယားစဖွယ် နမ်းလိုက်တော့ တခစ်ခစ်နဲ့ ရယ်နေပြန်သည် ။
'' ဦးကိုလည်း Popo ''
ကလေးငယ်၏ အနမ်းတို့အား ခံယူရင်း .. ဘောင်းဘီပွပွ ၊ နေပူဒဏ်ခံ ဦးအုပ်အား ဆောင်းရင်း လိမ္မော်ခြံထဲက ထွက်လာတဲ့ လူတစ်ယောက် ။
ယခင်ထက် အနည်းငယ် ပိုမည်းသွားတဲ့ အသားအရည်ရယ် ။ အပွင့်ကြီးကြီး ပုံစံ ဘောင်းဘီရှည်တို့က အခြေအနေနှင့် လိုက်ဖက်နေသယောင် ။
'' သားက ကစားချင်တယ်ပြောလို့လေ ''
'' Lulu သိလား ? တူတူပုန်းတမ်း ကစားနေတာ Paကပဲ ရှုံးနေတာ ။ သားကိုလည်း ရှာမတွေ့ဘူး .. ခစ်ခစ် ''
နှစ်ယောက်ရဲ့ မျက်နှာနဲ့ ပေါင်းစပ်ထားတဲ့ ကလေးငယ်ရဲ့ အပြုံးလေးတွေမှာ ငေးကနဲတစ်ချက် ဖြစ်သွားသည် ။
သွေးသားဆိုတာ ဘယ်လိုမှ လိမ်ညာလို့ မရပါလားနော် ။
'' Lulu သားကို ချပေးတော့ ။ Pa ကြော်ထားပေးတဲ့ ကြက်ကြော် သွားစားတော့မယ် ''
အိမ်ထဲ ပြေးဝင်သွားတဲ့ ကျောပြင်လေးနောက် နှစ်ယောက်သားရဲ့ အကြည့်တွေက ကပ်ပါသွားသည် ။
'' ကြောက်နေခဲ့တာ ။ ငါ့ကြောင့် သားလေးသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ဆိုတဲ့ အတွေးတွေးကို ကြောက်နေခဲ့တာ ။ အခုတော့ သားက ကောင်းကောင်း ကြီးလာသားပဲ ''
YOU ARE READING
HIDDEN
Fanfictionကိုယ်တို့နှစ်ယောက် ဘယ်သူမှ မသိအောင် ချစ်ကြမလား? |-- HIDDEN --| warn : Mpreg