ကြိုတင်တွေးဆထားသည့် အကြောင်းအရာများနှင့် ဆန့်ကျင်မှုက ထင်းလျှက်သား ။
ကုတင်ဘောင်ကို ကျောမှီထိုင်နေသည့် ကိုကို့ ကျောနောက် ထိုင်ရတာ အဆင်ပြေအောင် ခေါင်းအုံး ထည့်ပေးမလို့ အနားတိုးလိုက်သည် ။
ကိုကို့အနား ရောက်ရောက်ခြင်းမှာ ဆေးရုံ အနံ့အသက်နှင့် ခြားနားစွာ ဘယ်သောအခါမှ မေ့မရခဲ့တဲ့ ကိုယ်သင်းနံ့က နှာခေါင်းထဲ အလုအရက် ဝင်လာ၏ ။
'' ထိုင်ရတာအတင်ပြေအောင် လုပ်ပေးမယ်နော် ''
တစ်ချိန်က သူပြောခဲ့ဖူးတဲ့ စကားတို့ကို ပြန်ကြားမိရင်း သူမြတ်နိုးသည် ဆိုသော ကျနော့် အပြုံးတို့ကို ရက်ရက်ရောရော ပေးအပ်လိုက်၏ ။
ကျနော့် အပြုံးတို့ကြောင့် သူ့အလွမ်းတွေ ပျယ်ပါစေလေ ။
'' ကို ကို ''
ကျနော်သာ သူ့အနား ရောက်သွားခဲ့ရင် ပွေ့ဖက်ပြီး ကြိုဆိုလိမ့်မယ်လို့ ကျိန်းသေပေါက် ထင်ထားခဲ့ သော်လည်း ...
'' ကိုကို ! ကျနော်လေ Kyungsoo ။ ကိုကိုရဲ့ သည်းငယ်လေ ''
ကျနော့် လက်ဖျားထိပ်နဲ့ ကိုကိုရဲ့ ဆေးပိုက်ကြားက လက်ချောင်းတွေအား မထိတွေ့နိုင်ခင်မှာ အနည်းငယ် တွန့်သွားလေ၏ ။
တစ်နည်း ဆိုရသော် .. ကျနော့်ရဲ့ အထိအတွေ့တို့အား မလိုလားသည့် သဘော ။
မနှစ်ပါဘူး ။ ကိုကိုရဲ့ သူစိမ်းဆန်တဲ့ မျက်ဝန်းတွေနဲ့ မေးခွန်းပေါင်းများစွာ ပြည့်နက်နေတဲ့ မျက်ဝန်းညို တစ်စုံ ။
'' သည်းငယ်ကို မမှတ်မိတော့တာလား ကိုကိုရယ် ''
ယခင်ကလို ချစ်ခြင်းတို့နှင့် ပြည့်နက်နေသည့် မျက်ဝန်းတွေအစား သူစိမ်းဆန်တဲ့ မျက်ဝန်းတွေကြား ကျနော် ကြောက်လာမိပြီ ။
ကိုကို့ ရင်ခွင်ကျယ်ထဲ တိုးဝင်ရင်း ။ နှလုံးသားအား နာကျဉ်သွားစေရန် ရိုက်၍ မေးလိုက်ချင်ပါသည် ။
ဘာလို့များ ချစ်တယ်ပြောပြီး မေ့ရက်နိုင်ရတာလဲ ။
လက်တွေ့မှာတော့ အခန်းထဲ ပြေးဝင်လာသည့် ဆရာဝန်နှင့် နာ့စ်မနှစ်ယောက်ကြောင့် အခွင့်မရှိခဲ့ပါ ။
YOU ARE READING
HIDDEN
Fanfictionကိုယ်တို့နှစ်ယောက် ဘယ်သူမှ မသိအောင် ချစ်ကြမလား? |-- HIDDEN --| warn : Mpreg