◀6▶

8.8K 842 26
                                    

Brake time ရောက်တာနှင့် ကျတော့ ခြေလှမ်းတွေက ကိုကို့အတန်းရှိရာ အထက်တန်း နောက်ဆုံးနှစ် အတန်းဆောင်ကို ခပ်သွက်သွက် လှမ်းလျှောက်ခဲ့သည် ။

ကျနော်တို့ အတန်းက ဒီနေ့ စောပြီး အတန်းပြီးတာကြောင့် ကိုကိုတို့အတန်းက မဆင်းသေး ။ စာသင်နေတုန်း ရှိသေးသည် ။

မနက်ကတည်းက အခုထိ မကိုင်တဲ့ ဖုန်းကို ဆက်ကာဆက်ကာ ခေါ်နေရင်း အတန်းဆင်းချိန်ကိုသာ စောင့်နေလိုက်သည် ။

ကျေးဇူးပြုပြီး Phကိုင်ပါ ကိုကိုရာ ။ ကျနော်သိချင်တာ သိရမှ ဖြစ်မယ် ။

'' Do Kyungsoo .. ဟုတ်တယ်မလား? ''

'' nae .. ဘယ်သူလဲ မသိဘူး? ''

'' hyungက .. Jonginသူငယ်ချင်းလေ ။ အခု Jonginကို လာရှာတာမလား? Jonginက ဒီနေ့ အတန်းမတက်ဘူး ''

'' ဗျာ! ''

'' သူ .. ပထမအချိန် ကတည်းက အတန်းမတတ်တာ ။ စာလုပ်စရာရှိလို့ စာကြည့်တိုက်ကို သွားမယ်ပြောနေတယ် ''

'' ဟိုလေ .. hyung ကိုကို ဒီနေ့ canteenသွားလားဟင်? ''

'' omm? မသွားဘူး ထင်တယ် ။ စာကြည့်တိုက်မှာပဲ စာလုပ်မယ် ပြောနေတာ ''

'' gomawow hyung ''

ပြောပြီးပြီးချင်း လှည့်ထွက်ခဲ့သည့် ကျနော့်ကို စီနီယာအစ်ကို အနေနဲ့ နည်းနည်းထူးဆန်း နေမှာတော့ အမှန်ပါပဲ ။

စာကြည့်တိုက်မှာ ကိုကို ရှိနေပါစေ!!!

huh?

ဘာလဲ?

ဒါဘယ်လို အခြေအနေကြီးလဲ!!!

စာကြည့်တိုက်ထဲမှာ ကိုကိုက မိန်းကလေး တစ်ယောက်နဲ့ အတူထိုင်ရင်း စာရှင်းပြနေတာက လိုတာထက်ပိုပြီး ရင်းနှီးနေသလို ။

တစ်ခါတစ်ခါ စာရှင်းပြနေရင်း ကိုကို့မျက်နှာကို လျှပ်တပြက် လှမ်းကြည့်တတ်တဲ့ ဘေးနားက မိန်းကလေးရဲ့ အကြည့်တွေကို ကျနော် မနှစ်ဘူး ။

တစ်ခါတစ်ခါ လက်ချင်းထိမိသွားတဲ့ သူတို့နှစ်ယောက်ရဲ့ အထိအတွေ့တွေကိုလည်း ကျနော် မနှစ်သက်ဘူး ။

သဘောကောင်းတယ် ဆိုတာကလည်း အတိုင်းအတာ တစ်ခုအထိပဲ ကောင်းတယ် ကိုကို ။ လူတိုင်းကို သဘောကောင်းနေဖို့ မလိုအပ်ဘူး ။

HIDDENDonde viven las historias. Descúbrelo ahora