g&g Mini mart လေးက ယနေ့မှပင် ၀ယ်ယူသူ customerများဖြင့် ပြည့်နှက်နေသည်၊ အထူးအဆန်းတော့မဟုတ်လှ၊ ယနေ့က ချစ်သူများအတွက်ပျော်ရွှယ်ဖွယ်နေ့လေးတစ်နေ့ ဖြစ်သည့် Valentine Day ပင်ဖြစ်သည်၊
နေ့တိုင်းနေ့တိုင်း စား၍ရသော ချောကလက်များ၊ လက်ဆောင်ပေး၍ရသော ၀က်ဝံရုပ်များ၊ အလှပန်းစည်းများက ယနေ့တွင်တော့ သူ့ထက်ငါအပြိုင် ၀ယ်နေကြတော့သည်။
Mart သို့ရောက်တော့ ဘာရယ်မဟုတ် ချောကလက်များကို အမျိုးအစားအမျိုးမျိုးခွဲထားသော နေရာလေးသို့ မျက်စိကျမိသွားသည်၊
ချစ်သူရည်းစားမရှိသော ကျွန်တော့်အတွက် ပေးစရာလူ၊ ရစရာချောကလက်မရှိသော်လည်း ကျွန်တော်စားရန်နှင့် အိမ်သို့လာလည်သော တူနှင့်တူမတို့အတွက် ၀ယ်သွားရန် ထိုနေရာလေးဆီသို့ လျှောက်သွားလိုက်သည်။
ပုံစံအမျိုးမျိုးရှိသော ချောကလက်များကို ကြည့်ရင်း ရွေးရခက်နေစဉ် များလည်းများ၊ကြီးလည်းကြီးလှသော ငွေရောင်စက္ကူလေးများဖြင့် ချောကလက်များကိုထည့်လုံးထားသည့် အသည်းပုံပုံစံဘူးအကြီးတစ်ဘူးဆီသို့ လက်လှမ်းလိုက်သည်၊
ထင်မှတ်မထားသည်က မည်သည့်အချိန်က ရောက်လာသည်မသိသော လက်တစ်စုံသည် ကျွန်တော်ရွေးချယ်ထားသော ချောကလက်ဘူးဆီသို့ ကိုင်ထားလျက်ရှိသည်။
ထိုလက်ပိုင်ရှင်ကိုကြည့်မိတော့ ကျွန်တော့်ထက် ငယ်ရွယ်မည်ဟုထင်ရသော အသက်၁၈နှစ်၊ ၁၉နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်နေသည်။
နှစ်ယောက်သား တစ်ခွန်းမှမပြောသေးဘဲ ချောကလက်ဘူးကိုသာ ဆုပ်ကိုင်ထားလျက် အကြည့်စူးစူးများကိုသာ ဖလှယ်နေကြသည်၊
" ကလေး၊ ကိုယ် အရင်ယူထားတာလေ "
ကလေးဟု ခေါ်လိုက်၍ မကျေနပ်သည့်ဟန် နှာခေါင်းရှုံ့လိုက်သော်လည်း လက်ကိုတော့မလွှတ်။
" ကျွန်တော် ကလေးမဟုတ်ဘူး၊ ၁၉နှစ်ရှိပြီ၊ လူကြီးဆိုပြီး အနိုင်ကျင့်မယ်မကြံနဲ့နော် "
ထိုကောင်လေးစကားကြောင့် ရယ်ချင်မိသွားသည်၊ အသက်၂၅နှစ်ရှိပြီဖြစ်သော ကျွန်တော့်အတွက် ထိုကောင်လေးက ကလေးသာသာပင် ဖြစ်သည်။
YOU ARE READING
ချောကလက်မလိုသော Valentine Day
סיפור קצרValentine Day အတွက် ပြိုင်ပွဲဝင်စာမူလေးပါ၊ 13.2.2018 Written by ShinnNge #OneShot #998words #VDMyanmar