အခန်း ( ၆ )
"ငါ့ ငယ်သူငယ်ချင်းပါ ။ ဆယ်တန်းပြီးတော့ သူ တခြားမြို့ကို ပြောင်းသွားလို့ ငါတို့ ဝေးသွားခဲ့တာ ၊ ခု ပြန်တွေ့လို့ ပျော်ရမလား မှတ်ပါတယ် ။ သူ့မှာ ချစ်သူရှိနေတယ်တဲ့လေ"
"မင်းအဖြစ်ကလည်း ကွာ"
"အင်း "
"သူ့ နာမည်က ဘယ်သူလဲ "
"သူ့ နာမည်က .......... ။
ဒါနဲ့ မင်းသိတော့ ဘာလုပ်မလို့လဲ ၊ ငါ ပြောလိုက်လို့ မင်း နာမည်ကြားရုံနဲ့ သူ့ကို ကြိုက်သွားဦးမယ်""ဟား..ဟား...အေးပါကွာ ၊ မပြောချင်လည်း နေပေါ့ ။
ဒါနဲ့ သူက ဘယ်လို မိန်းကလေးမျိုးမို့လို မင်းကို ငြင်းရတာလဲ ။ သူ့ရည်းစားက ဘယ်လောက်များ ကောင်းနေလို့လဲ ။ ငါသာ အဲ့ဒီမိန်းကလေးနေရာမှာဆို မင်းကို ပြန်ကြိုက်မှာ သိလား "မြတ်မင်းမောင် ခပ်နောက်နောက် ဆိုတော့ ထက်မြတ်က ရယ်သည် ။
"ဟား....ဟား.......အေးပါကွာ ၊ သူသာ မင်းတွေးသလိုတွေးပြီး ငါ့ကို ပြန်ကြိုက်လာရင်ကောင်းမယ် "
"သူ မင်းကို ပြန်ကြိုက်မှာပါ ၊ သူ လက်မထပ်သေးခင်ထိ မင်း မျှော်လင့်လို့ရသေးတာပဲ "
"ငါ သူ့ကို ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် အမြဲတမ်း ချစ်နေမှာပါ "
"အေးပါကွာ......."
ထက်မြက် ရဲ့ အချစ်ကို သူလေးစားမိပါတယ် ။ သူ့မှာတော့ ချစ်သူတွေ ပေါများလွန်းပြီး ဘယ်သူ့ကို ချစ်လို့ ချစ်မိမှန်းတောင် မသိတဲ့ အထိ ။ ဒါမှမဟုတ် သူတကယ်ချစ်တဲ့လူကို မတွေ့သေးတာများလား ။ ဒါမှမဟုတ် သူ့အချစ်ဦးနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ခဲ့တာလား ။
"မြတ်မင်း "
"ဟင်"
"မင်း ငါ ခရီးသွားတုန်း နောက်တစ်ယောက်နဲ့ တွဲသေးတယ်ဆို။ဘယ်လိုလဲ ၊ အဆင်ပြေလား"
"မပြေပါဘူးကွာ၊ ငါ့ကို ဟိုရက်က လမ်းခွဲသွားပြန်တယ်"
YOU ARE READING
သံသယများရဲ့ နောက်ကွယ် [ Completed ]
Romanceလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ့ပါ မိတ်ဆက်ပေးခြင်းခံရတဲ့ မိုးမခ ။ နားလည်ပေးရင်း နဲ့ နာကျင်စွာ ရှေ့ဆက်နေရတဲ့အခါ ။ မိုးတစ်ယောက် ဘယ်လေ...