part - 16

3.1K 131 0
                                    

အခန်း ( ၁၆ )

'' မိုး ''

မြတ်​မင်း​မောင်​က အလန့်တကြားနဲ့ လှမ်း​ခေါ်​တော့ မိုးက သူ့ကို မမှိတ်မသုန်  စိုက်​ကြည့်နေတယ် ။ မိုး အကြည့်တွေက အဓိပ္ပါယ်​​ဖော်​ရခက်​​လှတယ် ။မိုးဆီကို မြတ်​မင်း​မောင်​ ​လျှောက်​သွားရင်း မဝံ့မရဲ မေးလိုက်တယ် ။

"မိုး....ဟို....မိုး အားလုံး ကြားသွားလား..."

"အင်း...."

"ကိုယ်​..........."

သူ စကားဟလိုက်တာနဲ့ မိုးက ချက်ချင်း ဆိုလာတယ် ။

"မိုးသွား​တော့မယ်​ ၊  ဆိုင်​မှာ ဧည့်သည်​နဲ့ ချိန်းထားလို့"

"ကိုယ်​ လိုက်​ပို့​ပေးမယ်"

"မိုး တ​စ်ယောက်​တည်းပဲ သွားချင်​တယ် "

သူ ခေါင်းညိတ်၍ လက်ခံလိုက်ရတော့တယ် ။

"အင်း..."

မြတ်​မင်း​မောင်​က ထွက်​သွားတဲ့ မိုးကို ကြည့်ပြီး ရင်​ထဲမ​ကောင်း ။ ဝေးသွားတဲ့ မိုးရဲ့ ပုံရိပ်လေးက အထီးကျန်ဆန်လှတယ် ။

~~~~~~~~~~~~~~

"မိုး ဘာဖြစ်​လာတာလဲ ၊ မျက်​နှာလည်း မ​ကောင်းပါလား "

ရတနာက ဆိုင်​ထဲ၀င်​လာတဲ့ မိုးမျက်​နှာကို သတိထားမိတော့ စိုးရိမ်ပူပန်ပြီး  ​မေးလိုက်​မိတယ် ။

မိုးက ခုံမှာ ၀င်​ထိုင်​ပြီးမှ မျက်နှာမသာမယာနဲ့ ဆိုလာတယ် ။

"​မောင်​ ငါ့ကို လက်​ထပ်​ခွင့်တောင်းတယ်​ "

"ဒါဆို နင်​ ​ပျော်​​နေရမှာမဟုတ်လား၊ ဘာလို့ ဝမ်းနည်းနေတဲ့ပုံဖြစ်နေရတာလဲ "

ရတနာက နားမလည်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီး မေးလာတော့ ခပ်ဖျော့ဖျော့ ပြုံးမိတယ် ။

"​မောင်​က ​အေမီ့ကို ကြိုက်​​နေတာ ၊ အေမီ့အ​ပေါ် စိတ်​ပါသွားမှာမို့ ငါ့ကို လက်​ထပ်​မယ်​​ပြောတာ၊ ငါ့ကို တကယ် လက်ထပ်ချင်လို့ မဟုတ်ဘဲ သူ​ ပေးခဲ့တဲ့ကတိ​ကြောင့်တဲ့ လေ"

"အင်း....ငါ တစ်ခုပြောမယ်​ မိုး ၊ နင်​ စိတ်​မဆိုးနဲ့ "

"အင်း ပြော​လေ...ရတနာ"

သံသယများရဲ့ နောက်ကွယ် [ Completed ]Dove le storie prendono vita. Scoprilo ora