အခန်း ( ၁၀ )
မြတ်မင်းမောင်တစ်ယောက် ညဉ့်နက်တဲ့အထိ အိပ်မပျော်သေးဘဲ အရင်ကအကြောင်းတွေ ပြန်စဉ်းစားနေမိတယ် ။
နေခြည်က သူ့ကို တစ်ပတ်ပြည့်တဲ့နေ့မှာ ဖုန်းကို မက်ဆေ့ပို့ပြီး လမ်းခွဲမယ်လို့ ပြောခဲ့တယ်။ သူ ဖုန်းပြန်ခေါ်လည်း မကိုင် ။ ထို့ကြောင့် နေခြည် ရှိတတ်တဲ့နေရာတွေမှာ သွားရှာတော့လည်း မတွေ့တော့ဘဲ လုံး၀ခြေရာဖျောက်သွားခဲ့တယ် ။ နေခြည်လင်းက သူ့အပြင် အခြားကောင်လေးတွေနဲ့ ဇာတ်လမ်းတွေ ရှုပ်နေခဲ့တာကြောင့် သူ ထွေထွေထူးထူး တွေးတောမနေတော့ ။ နေခြည် လမ်းခွဲသွားတဲ့အပေါ် သူ့မှာ ခံစားချက်တစ်စုံတစ်ရာ မရှိ ။ တကယ်ဆို သူလည်း နေခြည့်ကို စိတ်ကုန်နေခဲ့တာ အချိန်ကြာပြီ ဖြစ်ပြီး သိပ်မကြာခင် ခေါက်ပစ်မယ်လို့ တွေးထားပြီးသား၊ နေခြည်ဘက်က သူ့ကို နေရာတကာ လိုက်ချုပ်ခြယ်ချင်တယ် ။ အဲ့ဒီလို မိန်းကလေးမျိုးကို မြတ်မင်းမောင် သိပ်မုန်းတယ်။ သူတို့ကို ခဏအပျော်တွဲတာကို အဟုတ်မှတ်ပြီး သူ့ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရင်တော့ သူ စွန့်ပစ်ဖို့ ၀န်မလေးဘူး။ နေခြည်က သူ့ဘာသူ လမ်းခွဲသွားတော့ သူ့အတွက် အဆင်ပြေသွားတာပဲလေ ။
အဲဒီနောက်ပိုင်း ဘားကို သွားရင်း သီချင်းဆိုနေတဲ့ ကဗျာ့ကိုမြင်ပြီး စိတ်၀င်စားသွားခဲ့တယ်။ ကဗျာက ပါးနပ်တယ်။ ဒါကြောင့် ကဗျာ့ကို သူ သဘောကျခဲ့တာ ။ ကဗျာနဲ့ တော်တော်ကြာရင်းနှီးပြီးမှ ရတေးစားတွေ ဖြစ်ခဲ့ကြတယ် ။ ရည်းစားဖြစ်ပြီး သိပ်မကြာခင် ကဗျာက သူ့ကို လမ်းခွဲခဲ့ပြန်တယ် ။ သူ နည်းနည်းတော့ သံသယဖြစ်မိပေမယ့် အရေးမပါတာမို့ ဂရုမစိုက်ဘဲ မေ့ထားခဲ့ပြန်တယ် ။
နောက်ထပ် မြတ်နိုး နဲ့ ချစ်သူတွေဖြစ်ခဲ့တယ် ။ မြတ်နိုးက လမ်းခွဲမယ်ပြောတော့ သူ တကယ်ပဲ အံ့သြသွားရပြန်တယ် ။ ဘာလို့ တစ်ပတ်ပြည့်တဲ့နေ့တိုင်း လမ်းခွဲကြရတာလဲ ။ မြတ်နိုးက အေးအေးဆေးဆေးနေတတ်တဲ့ မိန်းကလေးမျိုး ။ မြတ်နိုး လမ်းခွဲသွားရတဲ့အကြောင်းအရင်းက ကဗျာ ပြသနာရှာလို့တဲ့လား ။ ကဗျာက သူ့ကို ချစ်လို့ ပြသနာရှာတယ်ဆိုရင် ဘာလို့ လမ်းခွဲခဲ့ရတာလဲ ။ ဒီပြသနာတွေရဲ့နောက်မှာ ကဗျာ့အပြင် နောက်တစ်ယောက် ရှိနေဦးမလား ။ မြတ်မင်းမောင် သက်ပြင်းချမိတယ်။ သူ တွေးရင်းနဲ့ ခေါင်းနောက်လာပြီ ။ ဘာတွေဖြစ်နေမှန်းလည်း သေချာမသိတော့ပါ ။ ဒီညလည်း မနေ့ညလိုပဲ အတွေးတွေနဲ့ မိုးလင်းဦးမယ်ထင်ပါရဲ့ ။
ŞİMDİ OKUDUĞUN
သံသယများရဲ့ နောက်ကွယ် [ Completed ]
Romantizmလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ့ပါ မိတ်ဆက်ပေးခြင်းခံရတဲ့ မိုးမခ ။ နားလည်ပေးရင်း နဲ့ နာကျင်စွာ ရှေ့ဆက်နေရတဲ့အခါ ။ မိုးတစ်ယောက် ဘယ်လေ...