အပိုင်း ( ၁၈ )
ဒီနေ့ မိုးက မြတ်မင်းကို လျှို့ဝှက်ချက်တွေ ဖွင့်ပြောမယ်လို့ပြောတာကြောင့် ထက်မြတ် စိတ်ပူနေမိတယ် ။ မိုး ဖုန်းဆက်မှာကို စောင့်မျှော်နေပေမယ့် ယခုထိ ဘာမှမထူးသေးပါ ။ ဖုန်းခေါ်ကြည့်တော့လည်း မကိုင် ။ ထက်မြတ် မနေနိုင်တဲ့အဆုံး မိုးဆိုင်ကို ထွက်လာခဲ့တယ် ။ ဟိုရောက်တော့ ဒီနေ့ မိုးက သူရဲ့ခြံကို သွားလို့ ဆိုင်ကို မလာတော့ဘူးလို့ ရတနာ့ကို ပြောခဲ့တယ်တဲ့ ။ ထက်မြတ် စောင့်မနေနိုင်တဲ့အဆုံး မိုးရဲ့ခြံကို လိုက်သွားမိတယ် ။ မကောင်းတာ တစ်ခုခုဖြစ်မယ်လို့ သူ့စိတ်ထဲ ခံစားနေရတယ်။
မိုးရဲ့ခြံကို သူ ရောက်လာတဲ့အချိန် မှောင်တောင်မှောင်နေပြီ။ ခြံတံခါးပိတ်ထားလို့ ဆင်းကြည့်တော့ သော့မခတ်ထား ။ ကားကို အပြင်မှာပဲ ရပ်ထားခဲ့ပြီး ခြံထဲကို မြန်မြန်၀င်ခဲ့တယ် ။ အိမ်ထဲရောက်တော့လည်း ဘယ်သူမှမတွေ့။ မိုးကို နေရာအနှံ့ လိုက်ရှာနေမိတော့တယ် ။
တံခါးပွင့်နေတဲ့ အခန်းတစ်ခုထဲစို့ အ၀င် မြတ်မင်းကို ထိုင်ခုံမှာ ကြိုးတွေနဲ့ ချည်ထားတာ တွေ့လိုက်ရတယ် ။ မိုးရဲ့ လက်ထဲမှာလည်း ဆေးထိုးအပ်ကိုင်ထားပြီး မြတ်မင်းကို ထိုးဖို့ရွယ်နေတယ် ။
"မိုး........."
ထက်မြတ် ထိတ်လန့်စွာနဲ့ မိုးကို ခေါ်လိုက်မိတယ် ။ သူ့ကို လှည့်ကြည့်လာတဲ့ မိုး မျက်ဝန်းတွေမှာ စိတ်ရှုပ်သွားဟန်က အထင်းသား ။
"နင် ဒီကို ဘာလာလုပ်တာလဲ...."
"ဒါ ဘာလုပ်မလို့လဲ....မိုး"
"ထက်မြတ်....ငါ့ကို ကြိုးဖြေပေးပါကွာ....."
မြတ်မင်းမောင်က ရုတ်တရက် ရောက်လာတဲ့ ထက်မြတ်ကို မြင်တော့ အားကိုးတကြီး အကူအညီတောင်းမိတယ် ။ ထိုအခါ မိုးက ခြောက်ကပ်ကပ် ရယ်တယ် ။ ထို့နောက် ထက်မြတ်ကို ကြည့်ရင်း ဆိုတယ် ။
"ငါ မောင့်ကို တစ်သက်လုံးအတွက် ခေါ်ထားမလို့"
"သတိထားပါဦး မိုးရာ ။ နင် ဒီလိုလုပ်လို့ သူနင့်ကို ချစ်မယ်ထင်လား ။ သူသေရင်တောင် နင့်ကို ပြန်ချစ်မှာ မဟုတ်ဘူး ။ ကိုယ့်ကို မချစ်နိုင်တဲ့ ယောကျ်ားတစ်ယောက်အတွက် ဘာကြောင့် ဒီလိုလုပ်မှာလဲ"
BẠN ĐANG ĐỌC
သံသယများရဲ့ နောက်ကွယ် [ Completed ]
Lãng mạnလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ့ပါ မိတ်ဆက်ပေးခြင်းခံရတဲ့ မိုးမခ ။ နားလည်ပေးရင်း နဲ့ နာကျင်စွာ ရှေ့ဆက်နေရတဲ့အခါ ။ မိုးတစ်ယောက် ဘယ်လေ...