ကျွန်မနှင့်အရူံး[ ကျွန်မနှင့်အရူံး ]

258 38 2
                                    

ဒီနှစ် ဗယ်လင်တိုင်းဒေးသည် ကျွန်မအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးနေ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မသူငယ်ချင်းသည် ကျွန်မအစား ကျွန်မ၏ရင်ဖွင့်စာကို ကျောင်းမေးလ်ဘောက်စ်မှတဆင့် ပို့ပေးခဲ့သည်။ ရေးပို့သူအမည်ကိုတော့ ချန်ဝှက်ထားသည်။ ကျွန်မသည်လည်း သူ၏ဖွင့်ပြောခြင်းကို လက်ခံရရှိမည့် မိန်းမတစ်ဦးဖြစ်ရဦးမည်လေ။

အထင်နှင့်အမြင်သည် တက်တက်စင်အောင်လွဲ၏။ မှန်းချက်နှင့် နှမ်းထွက်မကိုက်သောအခါ အပြစ်ရှိသူမှာမည်သူပါနည်း။ မိုးသဇင်ဟူသော မိန်းမတစ်ယောက်၏ အရူံးကို ချစ်ရသူသည် တစ်စိုးတစ်စမျှပင် သိမသွားခဲ့ပါ။

ကျွန်မသည် မေလေးတို့သူငယ်ချင်းအုပ်စုအား ကျောင်းပေါက်ဝတွင်စောင့်နေစဉ် အချိန်ကဖြစ်သည်။ ချစ်ရသူသည် ကောင်မလေးတစ်ယောက်ကို၏လက်ကို တင်းတင်းဆွဲကာ ကျောင်းဝန်းထဲသို့ဦးတည်ဝင်လာသည်ကို ကျွန်မလှမ်းမြင်နေရသည်။ ထိုမိန်းကလေးသည် ချစ်ရသူ၏ ညီမ သို့မဟုတ် အစ်မ တစ်ဦးဦးသာဖြစ်မည်ဟု ကျွန်မ အတင်းတွေးနေမိသည်။ ကျွန်မ ထို့သို့ငေးမောနေစဉ် ချစ်ရသူသည် ထိုကောင်မလေး၏လက်အား ဆုပ်ကိုင်ထားလျက် ကျွန်မရှိရာသို့ချဉ်းကပ်လာသည်။

"ညီမလေး မိုးသဇင်.....ဒါက ဒီနေ့မှ အဖြေရတဲ့ အကို့ရဲ့အသစ်စက်စက် ချစ်သူလေးလေ၊ ချောတယ်မလား''

ဆိုက်ကလုန်းမုန်းတိုင်းသည် ကျွန်မ၏ရင်ဘတ်ရှိ နှလုံးသားမှစတင်ကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့တိုက်ခတ်သွားသည်။ ထိုကောင်မလေးသည် ချစ်ရသူ၏ကျောပြင်ကျယ်ကျယ်အား ခပ်ဖွဖွထုရိုက်နေပြန်၏။

"သူ့ဆီက အဖြေရဖို့ တစ်နှစ်နီးပါးလောက်စောင့်လိုက်ရတယ်''
"ဟာ.....ကိုကလည်း ဘာတွေလျောက်ပြောနေတာလဲကွာ''

ခန္ဓာကိုယ်တွင်း သွေးပြောင်းပြန်စီးနေသကဲ့သို့ ကျွန်မသည် အသက်ရှိလျက်နှင့် သေဆုံးသွားရသော်လည်း ချစ်ရသူသည်လှလှပပ ပြုံးနေခဲ့သည်။ လက်ဖျားတို့သည် အေးစက်တုန်ရီလာကာ ဝေ့ဝဲသွားသည့်မျက်ရည်စတို့ကို ချစ်ရသူမြင်မှာစိုး၍ ခေါင်းကိုသာငုံ့ထားမိလိုက်ပါသည်။ မိုးသဇင်ရယ်.....။ နင့်မှာ အရူံးကလွဲလို့ ဘာတွေများကျန်ခဲ့သေးလို့လဲကွယ်။

သူသိစေချင်ပါသည် [ သူသိစေချင်ပါသည် ]Where stories live. Discover now