ဒီနေ့တွင် ကောင်းကင်ပြာ၏ ကြည်လင်မှုသည် ခါတိုင်းထက် ပိုရ်ျပင် ကြည်နေသယောင် ကျောင်းဝန်းထဲ လူအလာနည်းသော နေရာလေးတစ်ခု တစ်နည်းအားဖြင့်ဆိုလျှင် Luhan၏ ကိုယ်ပိုင်ဗိမာန်လေး တစ်ခု.... လူ့တစ်ရပ်စာလောက်ရှိသော သစ်ပင် များကြောင့် ကျောင်းသားကျောင်းသူများက ဒီနေရာကို မလာကြ ထိုသို့ မလာကြတာကြောင့် ဒီသစ်ပင်များ အလွန်တွင် ကြည်လင်မှု၊ အပြည့်ဖြင့် တည်ရှိနေသော ရေကန်ကြီးအား သူတို့ မသိကြ။ သို့သော်လည်း Luhanမှာ အနေအေးသောကြောင့် တက္ကသိုလ်တွင် သူ့ရဲ့ကိုယ်ပိုင်အချိန် တော်တော် များများကို ဒီနေရာတွင် အမြဲကုန်ဆုံးလျက်ရှိသည်။ အခုတော့ ဒီနေရာကို သိသည်မှာ သူတျောက်ထည်း မဟုတ်တော့ သူ့နောက်သို့ အမြဲတကောက်ကောက် လိုက်နေသော sehunလည်း သိသွားပြီဖြစ်ကာ Luhanကို သူမလာခင် သစ်ပင် အကွယ်မှ sehun အမြဲစောင့်နေခဲ့သည် ။ ကြည်လင်နေသော ရေကန်ကြီးမှာ အထဲတွင်ပြေးလွှား ဆော့ကစားနေသော ရွှေရောင်ငါးလေးများကိုပင် အတိုင်းသားမြင်နေရသည်။ ဒီငါးများသည် Luhan၏ငါးလေးများဖြစ်သည် ဒါတွင်မက ကန်ကြီး၏ ဘေးတွင် လူနှစ်ယောက်ထိုင်လို့ရသော ခုံတန်းလျားလေးကိုလည်း Luhan ကိုယ်တိုင် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။ ယခုအခါတွင် ထိုတန်းလျားလေးပေါ်သို့ လူတစ်ယောက် ရောက်လာကာ မမှိန်မသုန် ရေကန်ကြီးအား စိုက်ကြည့်ရင်း တဖြည်းဖြည်း ထိုင်ချလိုက်သည်။ ထို့နောက်တွင်တော့ ထိုလူ့ဆီမှ စကားသံထွက်လာခဲ့သည်......
" Sehun သစ်ပင်နောက်ကနေထွက်လာခဲ့တော့ "
သစ်ပင်နောက်မှကောင်လေးသည် ခေါင်းငိုက်စိုက်ကြလျက် သူနှင့်မလှမ်းမကမ်း ရေကန်ဘေးရှိ ခုံတန်းတွင်ထိုင်နေသော Luhanဆီသို့ တဖြည်းဖြည်း လျှောက်လာခဲ့သည်။
" Sehunမင်း ဘာလို့ အမြဲတမ်း ငါ့နောက် တကောက်ကောက် လိုက်နေတာလဲ "
Author note-( )ထိုဝိုက်ကွင်းအား Luhan၏ စိတ်ထဲမှ စကားများကိုဖော်ပြရာတွင် သုံးမည် ဖြစ်ကြောင်း...
{ }ထိုအတွန့်ကွင်းအား sehun၏ စိတ်ထဲမှ စကားများကိုဖော်ပြရာတွင် သုံးမည် ဖြစ်ကြောင်း....{ hyungတကယ်ပဲ မသိတာလား မသိချင်ယောင် ဆောင်နေတာလား.. ဒါမှမဟုတ်.. }