Chapter-6 Final

529 27 6
                                    

တောင်းပန်ပါတယ် Hunရာ ကျေးဇူးပြုပြီး နိုးထလာပေးပါ Hyung တောင်းပန်ပါတယ် Hun သာ သတိရလာလျှင် Hyung အကုန်ရှင်းပြပါမယ် Hyung မင်းကို သစ္စာမဖောက်ခဲ့ပါဘူးကွာ... jebal hun..

ထိုအချိန် ခွဲစိတ်ခန်းထဲမှာ ရှိနေတဲ့ ကောင်လေးဆီမှလည်း  ဆရာဝန်တွေ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်ထားရာမှ ကောင်လေးသည် သတိရတစ်ချက် မရတစ်ချက် ဖြစ်လာပြီ ဆရာဝန် များရဲ့ ကြိုးပမ်းမှုကြောင့် နောက်ဆုံးတွင် ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးသွားလေသည်။....

ခွဲစိတ်ခန်း အပြင်ဘက်မှာ ရှိနေတဲ့ လူနာ၏ သူငယ်ချင်း၊ မိဘများသည်လည်း လူနာကို အလွန်ပင် စိတ်ပူနေကြသည်။ နာရီအချို့ ကုန်ဆုံးသွားသော အချိနိအခါဝယ် ခွဲစိတ်ခန်းထဲမှ ခွဲစိတ်ဆရာ ထွက်လာသောအခါ..

" ဆရာ ကျွန်တော့်သူငယ်ချင်း အခြေအနေ.. "

" စိတ်မပူပါနဲ့တော့ ခွဲစိတ်မှု အောင်မြင်ပါတယ် ဒါပေမယ့် ခေါင်းကို ထိထားတာဆိုတော့ နဲနဲတော့ သတိထားရမယ်.. လူနာကို အခန်းပြောင်းပြီးရင် အိပ်ဆေးထိုးပေးထားမယ်.. "

" အခန်းပြောင်းပြီးရင် ဝင်လို့ရပြီနော်ဆရာ "

" ဝင်လို့က ရပါပြီ.. အကယ်၍ နိုးလာလို့ ထူးထူးခြားခြား တစ်ခုခု ဖြစ်တဲ့အခါ ကျွန်တော့်ကို လာခေါ်လိုက်ပါ "

" Nae ကျေးဇူးတင်ပါတယ် ဆရာ "

******#******#******#*****#******#******#******#******#******#******#

Hun မင်းအိပ်နေတာလေးက တကယ်ကို အပြစ်ကင်းတဲ့ ကလေးလေး တစ်ယောက်လိုပဲ.. hyung တောင်းပန်ပါတယ် တကယ်ဆို hyungက မင်းကိုအရင် ရှင်းပြခဲ့သင့်တာ..

" miyanae hun နာကျင်စေခဲ့မိလို့... "

" Han.. "

" ဟင်.. Hun hun.. hun.. သတိရလာပြီလား ခဏလေးနော် hyung ဆရာဝန် သွားခေါ်လိုက်ဦးမယ်.. "

ဆရာဝန် သွားခေါ်မယ့် Han လက်ကိုဆွဲထားကာ..

" Han.. ထပ်ပြီးတော့ ထွက်မသွားပါနဲ့ "

ဟုဆိုကာ.. Hanကို အတင်းဖက်ထား၏..

" အင်းပါ.. Hyung. မသွားတော့ပါဘူး ဟုတ်ပြီလား "

သူတို့နှစ်ယောက်ကို အခန်းအပြင်ကကြည့်နေပြီး မျက်ရည်များနဲ့ ပြန်လှည့်ထွက်သွားသော.. ကောင်လေး တစ်ယောက် ရှိခဲ့တာ.. ထိုကောင်လေးမှ လွဲရ်ျ ဘယ်သူသိမည်နည်း...

Baby LuLu ( Completed) Where stories live. Discover now