အခန်း(၂)ကမ္ဘာ​ပေါ်မြာ မကြိုဆိုဆုံး​ဧည့်​သည်

2.7K 389 89
                                    

2 ze ze
(ဒီဝတ္ထုက အစတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်.message အပြန်လှန် ပြောနေတာနဲ့ပဲ စပါတယ်)

ကျွန်တော်ချောတယ်>> ''ဟေး ကိုလူချော
     ရှိနေတာလား´´

အချစ်၁၂၃>>   ''ဟိုင်း ကိုလူချော ကျတေ်ာရှိပါတယ်´´

ကျွန်တော်ချောတယ်.>>'' မမြှောက်ပါနဲ့
ခင်ဗျားက ကျတော့်ထက် ပိုချောတာပါ´´

အချစ် ၁၂၃>> ''#*$..´´

ကျွန်တော်ချောတယ်>> ''ကျတော့်မှာ မေးစရာ
တစ်ခုရှိတယ်´´

အချစ်၁၂၃>>'' မေးပါ ´´

ကျွန်တော်ချောတယ် >>  ''အရင်တစ်ခေါက်ကလေ ကျွန်တော်က အရင်တစ်ခေါက် အဲ့မှာ ရှိနေဖူးတယ်လေ´´

အချစ် ၁၂၃ >>    ''အင်း..´´

ကျွန်တော်ချောတယ်>> '' ကျတော်ဘယ်သူလဲ ဆိုတာ သိလား´´

အချစ် ၁၂၃ >>  ''သိပါတယ်
အရင်တစ်ခေါက်တုန်းက မင်း ချင်ရှီလာ အမလေး
နှစ်ကောင်နဲ့ ရောက်လာတာလေ´´

ကျွန်တော်ချောတယ် >>   ''ဟုတ်တယ်..ကျတော်ပဲ´´

အချစ်၁၂၃>>  ''ထပ်ပြီး ခင်ဗျား ချင်ရှီလာလေးတွေအတွက် ပစ္စည်းလေးတွေ ဝယ်ချင်လို့လား´´

ကျွန်တော်ချောတယ်>> ''မဟုတ်ပါဘူး
ခင်ဗျား ပေးလိုက်တဲ့ လက်ဆောင်မုန့်တွေ ကျန်သေးပါတယ်´´

အချစ်၁၂၃ >>   '' ဒါဆို...´´

ကျွန်တော်ချောတယ်>>    ''ကျွန်တော်နဲ့ မိတ်လိုက်လို့ရမလား´´

အချစ် ၁၂၃ >> ''#*$...´´

လူတစ်ယောက်ယောက်ယောက်ကများ လျန်းဇီမှာ ဦးနှောက်မူမမှန်တဲ့
ရောဂါရှိတယ်လို့ ပြောရင်.အဲ့တာညာနေတာ
မဟုတ်ဘူးရယ်။စောစောက ပြောလိုက်တဲ့ စကားကတင် သက်သေပြနေပြီလေ။တစ်ကယ်တော့ စကားပြောတယ်ဆိုတာလည်း ပညာတစ်ခုပဲ။စကားပြောဖို့ လူနှစ်ယောက်မျက်နှာချင်းဆိုင်နေစရာ မလိုဘူးရယ်။အချင်းချင်း  ခုလို မက်ဆေ့ချ် အပြန်လှန်ပို့ရင်းနဲ့ကို ပြောသူရဲ့ အမူကျင့်ကို သိရှိနိုင်တာပဲ။
စကားကို တဲ့တိုးပြောတတ်တဲ့သူတွေက အပြင်မှာ
လိမ္မာပါးနပ်တာများတယ်။စကားပြောမှာ အီမိုဂျီ(emoji)တွေ အသုံးများတဲ့ လူတွေက တကယ်တော့ အထီးကျန်နေတာ။လိုရင်းကို တိုက်ရိုက်ပြောတဲ့သူတွေက ပွင့်ပွင့်လင်းလင်း ရှိကြပြန်တယ်။
ခုလို စကားပြောရင် သူများရိုက်ချင်လာအောင်
ပြောတတ်တဲ့ သူတွေကတော့ အင်း..ပြောရရင်
ပုံမမှန်တဲ့ ဦးနှောက် ဖွဲ့စည်းပုံ ရှိနေတယ်ဆိုတာပဲ။

Yandai Xie Jie No.10 myan translation(​ဆေးတံလမ်း အမြတ်​၁၀)Where stories live. Discover now