ကျတော်ချောတယ်>>'' ဒါကို ဘယ်လို ထင်လဲ´´
( ဘွတ်ဖိနပ်ပုံတစ်ပုံ ပြလျက်)အချစ် ၁၂၃>> ''အဲ့တာ ဘာလဲ´´
ကျတော်ချောတယ်>> ''ခြေထောက် နွေးအောင်လို့လေ´´
အချစ် ၁၂၃>>..''အာ....ဘာမှ လည်း ထူးထူးခြားခြားတော့ မရှိပါဘူး..´´
ကျတော်ချောတယ်>>''ဘယ်လို..... ကျတော်
တာ့ဘိုကနေ ဝယ်လာတာဗျ´´အချစ် ၁၂၃>>'' သိုးမွေး ခြေအိတ်တို့ သိုးမွေးဖိနပ်တို့နဲ့တောင် ယှဉ်လို့ မရဘူး..´´
ကျတော်ချောတယ်>> ''မဟုတ်ဘူး...ကြည့်ကြည့်....အားသွင်းလို့ ရတယ်´´
အချစ် ၁၂၃>>''ကြော်ငြာထားတာတော့ မဆိုး´´
ကျတော်ချောတယ်>> ''ဟုတ်တယ်´´
အချစ် ၁၂၃>> '' ဒါပေမဲ့...မင်း ခြေထောက်နှစ်ဖက်လုံး အဲ့ထဲ စွပ်ထားရမှာ မဟုတ်ဘူးလား´´
ကျတော်ချောတယ်>>''....ဒါ...ဒါကို ကျတော်
မတွေးမိဘူး...´´အချစ် ၁၂၃>> '' မအံသြတော့ဘူး...မင်းတွေးပုံက သူများထက်ကို ထူးတယ်´´
ကျတော်ချောတယ်>> '' ဖာ့ခ်...´´
အချစ် ၁၂၃>> '' နေဦး....သစ်ရွက်လေး လှောင်အိမ်မှာ တစ်ခုခု ဖြစ်နေပြီ...´´
[၁၀ မိနစ်အကြာ]
အချစ် ၁၂၃>> '' မွေး ပြီ...´´
ကျတော်ချောတယ်>> '' ???´´
အချစ် ၁၂၃>> ''သစ်ရွက်လေးက ခုပဲ ချစ်စရာသားလေးတစ်ကောင် မွေးလိုက်တယ်´´
ကျတော်ချောတယ်>> ''ဖာခ့်...ကျတော့်ကို စောင့်ဦး...လာပြီဗျို့...´´
သစ်ရွက်လေးရဲ့ ကလေးဟာ လောကကြီးထဲကို.ရုတ်တရက်ဆိုသလို ဝင်ရောက်လာတာဖြစ်တယ်။အစတုန်းက.သူရှိနေမှန်းတောင်.မသိခဲ့ရဘူး။
ဟန်ဟန်လို ချင်ရှီလာတွေ နှစ်ပေါင်းများစွာ ကြည့်ခဲ့သူတောင် သတိမထားမိဘူး။အမွေးလည်း.မကျွတ်သလို အရေဖြူလည်း မထွက်ဘဲ ခုလိုကြီး.ရောက်လာတာ။မနေ့ညကတည်းများ မွေးသလား။
သူလည်း.လှောင်အိမ်တံခါးဖွင့်လိုက်ရော.အိတ်ချ်က.ဒီထဲကနေ အမြန်ဆုံးထွက်သွားချင်ပုံနဲ့ သူ့ဆီပြေးလာတယ်။ဟန်ဟန်လည်း.သူ့ကို ယူကာတစ်ဖက်လှောင်အိမ်ထဲထည့်ပြီး လှောင်အိမ်နှစ်ကြား လမ်းလေးကို ပိတ်လိုက်တယ်။မေမေ ချင်ရှီလာက မွေးထားတာ သိပ်မကြာသေးတာမလို့.ကလေးကို တအားကာကွယ်နေပုံရတယ်။ဘယ်သူ့ကိုမှ ပေးမကြည့်ဘူး။ဒါကြောင့် အိတ်ချ်ခမျာ အနိုင်ကျင့်ခံရပုံပေါ်တယ်။
ESTÁS LEYENDO
Yandai Xie Jie No.10 myan translation(ဆေးတံလမ်း အမြတ်၁၀)
Humorသူ့ရဲ့ ချင်ချီလာ(ရှဉ့်လိုမျိုးအကောင်)လေးနှစ်ကောင် ဗိုက်ကြီးလာလို့ ဆိုပြီး ခေါင်းမာတတ်ပြီး အစွန်းရောက်တွေးတတ်တဲ့ ဝမ်းတွင်းရူး စာရေးဆရာ လျန်းဇီဟာ တအားကို သဘောကောင်း အထာကျတဲ့ အိမ်မွေးတိရစ္ဆာန် ရောင်းတဲ့ဆိုင်ပိုင်ရှင် မစ္စတာ ဟန်ဟန်နဲ့ ဆုံတွေ့ဖို့ အကြော...