အခန်း(၅)ဖျားနေတဲ့ အရူးကောင်...၂..

1.9K 319 41
                                    

..၂...

၇နာရီခွဲလောက်မှာတော့ သူ လျန်းဇီရဲ့ ဆုချီး မြှင့်ခံရတဲ့ လက်ရာကောင်း 'ချစ်စရာ´ ကို ဖတ်လို့ ပြီးပြီ။

စကားလုံး ၇၈၀၀၀၀ ကျော် ပါတဲ့ ဝတ္ထုက သူရဲ့ လျန်းဇီအပေါ် အမြင်ကို လုံးဝ ပြောင်းလဲ သွားစေတယ်။ ဒီအရူးက ဒီလောက်ကောင်းတဲ့ စာအုပ်ရေးနိုင်တယ်ဆိုတာ မယုံနိုင်ဘူး။
(ဝတ္ထုအကြောင်း..ဘလာ..ဘလာ...)

လျန်းဇီ ဒီနေ့ မလာဘူး။ သူကြိုက်တဲ့ နံရိုပေါင်းရော ညစာ စားချိန်ရော သူ့
အချစ်တော်လေးတွေနဲ့ရော လာကစားဖို့
မေ့နေတယ်။

ဟန်ဟန်လည်း ဆိုင်ထဲ နည်းနည်း လျှောက်သွားရင်း လျန်းဇီကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။အဲ့ပြားကိုးဆယ်ကောင်က ကိုယ့်ဘာသာနေတယ်။ဒီပြားကိုးဆယ်လည်း  ချီ ဂျီ လို သုံးညလောက် နေမကောင်းဖြစ် လဲနေပြီး သူများလာရှာမှ တွေ့တာမျိုး မဖြစ်စေချင်ဘူး။

တစ်ယောက်ယောက်လာမကိုင်ခင်ထိ
ဖုန်းအကြာကြီး မြည်နေခဲ့တယ်။တစ်ဖက်က
အားနည်းနေတဲ့ လေသံနဲ့ ပြန်ဖြေတယ်။

''ကိုလူချော...အ....ဆောရီး..အဖျားက ကျတော့်ကို..ခေါင်းရှုပ်စေတယ်... ဒီနေ့ မလာနိူင်ဘူးဆိုတာ.ပြောဖို့ မေ့သွားတယ်
မလာတော့ဘူး..ဒါမဲ့..´´

ကိုယ်ပူတာက သူ့ကို ခေါင်းရှုပ်စေတဲ့ထိကို ပူနေတာဖြစ်ရမယ်။
''ခုထိ ဆေးမသောက်ရသေးဘူးလား´´

''သောက်ရသေးဘူး..အိမ်မှာမှ..မရှိတာ´´

''ဘာလို့ ဆေးရုံမသွားတာလဲ´´

''တအားအလုပ်ရှုပ်တယ်လေ´´

''မင်း ဘယ်မှာ နေတာလဲ´´

ဟမ်..´´

''မင်း ဘယ်မှာ နေတာလဲ မေးနေတာ´´

''ရတယ်...ကျတော့်ဘာသာနေလို့ရတယ်...
ကိုလူချောက အလုပ်ရှုပ်တဲ့သူကို..´´

''ဆိုင်ပိတ်ပြီး မင်းကို လာကြည့်မယ်.
မင်း ဆေးသောက်ရင် သောက်
မသောက်ရင် မင့် အဖျားက မင်း
ဦးနှောက်ဆဲလ်တွေကို ကြော်ပစ်ပြီး
မင်းကို ကျပ်မပြည့်တဲ့ကောင် ဖြစ်အောင်
လုပ်လိမ့်မယ်´´

Yandai Xie Jie No.10 myan translation(​ဆေးတံလမ်း အမြတ်​၁၀)Tahanan ng mga kuwento. Tumuklas ngayon