စတင်တွေ့ဆုံမှု.. [ စတင္ေတြ႔ဆုံမွု.. ]

2.1K 194 10
                                    

Unicode

ကလေးတစ်ယောက်ကို သင်မြတ်မြတ်နိုးနိုးချစ်ခဲ့ဖူးပါသလား?

သင်သာကလေးငယ်တစ်ယောက်ကို တစ်ခါလေးချစ်ခဲ့ဖူးတယ်ဆိုရင် ကျနော်ပြောမယ့် အကြောင်းအရာကို သင်ကောင်းကောင်းသိပါလိမ့်မယ်!

ကလေးတွေရဲ့ဇွတ်ကျမှုက တော်ယုံစကေးတော့မဟုတ်!

လိုချင်တာမရရင် စိတ်ကောက်တတ်တာ ကလေးတွေရဲ့ဘာသာဘာဝ!

လိုချင်တာရဖို့ နည်းမျိူ.းစုံနဲ့ချွဲနွဲ့တတ်တာ ကလေးတွေရဲ့ ဘာသာဗေဒ!

Park Chan Yeolဆိုတဲ့ ကျနော့်ဘဝမှာ ကလေးငယ်တစ်ယောက်ကို မြတ်မြတ်နိုးနိုးချစ်ခဲ့ဖူးတယ်!

ကလေးငယ်ဆိုပေမဲ့ ကျနော့်ကလေးငယ်က သေးသေးငယ်ငယ်တော့မဟုတ်ပါ!

24နှစ်အရွယ်ကျနော့်ထက် 7နှစ်ငယ်တဲ့ playboyခပ်ဆိုးဆိုးလေးသာ!

အပြင်ပန်းကြည့်ရင် Smartကျမှုတွေ ညှို့နိုင်မှုတွေ တသီတတန်းနဲ့ ကလေးငယ်ရဲ့ နောက်ကွယ်မှာ ဖြူ.စင်မှုနဲ့ ဂျီကျမုတွေ ပါဝင်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်မြင်ကြမည်မဟုတ်.

ကျနော်နဲ့ကလေးငယ်ရဲ့ စတင်တွေ့ဆုံမှုက ကဗျာဆန်ဆန်တော့မဟုတ်ပါ.

ကလေးငယ်တက်တဲ့ ကျောင်းနားက Car Parking၌သာဖြစ်သည်.

ထိုနေ့က ရာသီဥတု သာယာသည်ဟု ပြောရမည်။

မစို့မပို့နေရောင်လေးက ကောင်းကင်ပေါ် ဖြာဆင်းကာ တစ်လောကလုံးကို အလှဆောင်နေသည်လေ.

အားနာပြီး သဘောကောင်းလွန်းတဲ့ကျနော့်ကို ကျနော့်အစ်ကိုရဲ့သား ကျနော်တူJisungက နားပူနားဆာတိုက်ကာ စာအုပ်တွေလာပို့ခိုင်းခြင်းမှ စတင်ပေသည်.

ကျောင်းသွားတဲ့သူတဲ့ ဘယ့်နှယ့်စာအုပ်မေ့ကျန်ခဲ့တယ်ဆိုတာ သာမန်သွေးရိုးသားရိုးကိစ္စတော့ မဟုတ်!

ဒါပေမဲ့ ကျနော်တူကတော့ အမြဲနမော်နမဲ့နိုင်စွာ တစ်ခုမဟုတ် တစ်ခုမေ့ကျန်ခဲ့တာ ထုံးစံတစ်ခုလို ဖြစ်စေပြီ.

စာအုပ်ကျန်ရင်ကျန် မကျန်ရင် ထမင်းဘူးကျန်သည်။

အဲ့လိုမှမဟုတ်ရင် လွယ်အိတ်တောင် တစ်ခါတစ်လေ မေ့ကျန်တတ်တဲ့သူ.

ကလေးငယ်အားချစ်မိခြင်း  [ ကလေးငယ်အားချစ်မိခြင်း. ]Where stories live. Discover now