Unicode
အချစ်ဆိုတာ တစ်ခါတစ်ရံ ထူးဆန်းခြင်းက်ို ယူဆောင်လာတတ်သည့်အမျိူ.း.
stateကျောင်းသားဘဝသာမက Uniကျောင်းသားဘဝအထိပါ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ရင်မခုန်ခဲ့သည့် ကျနော်Park Chan Yeol.
အခုအချိန်ကျမှ ထူးဆန်းစွာ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား ကလေးငယ်လေးတစ်ယောက်ကို ရူးရူးမူးမူးစွဲလမ်းမိနေပြီဆို ဝိုင်းဝန်းလှောင်ပြောင်ကြချေမည်.
လှောင်ပြောင်လည်း မတက်နိုင်ပါ.
သိက္ခာကိုငဲ့ပြီး ကျနော့်အချစ်တွေကိုတောင် တံခါးပိတ်မသိမ်းဆည်းနိုင်.
အဲ့ဆူထော်ထော် ကလေးလေးကိုမှ မချစ်ရရင် ကျနော်Park Chan Yeol သေပါလိမ့်မည်.
ကလေးငယ်ကို တွေ့လိုဇောနဲ့ ကလေးငယ်ကျောင်းရှေ့ ကားရပ်ပြီး ငုတ်တုတ်လာထိုင်နေတာ မနက်၆နာရီလောက်ကတည်းက.
ဒါတောင် ကလေးငယ်အိမ်မသိလို့.
အိမ်များသိကြည့်ပါလား တစ်နှစ်နဲ့လေးလပတ်လုံး တသတ်တာစာချူ.ပ်ချူ.ပ်ပြီး ကလေးငယ်အိမ်ရှေ့ ရွက်ဖျင်တဲထိုးနေပလိုက်မှာ.
လက်ထဲကတဒက်ဒက်လည်နေတဲ့ နာရီလက်တံအား ငုံ့ကြည့်လိုက်တော့ ၈နာရီခွဲ.
မဆိုးဘူး ၂နာရီခွဲလောက်ထိုင်နေရတာကလွဲရင် ကလေးငယ်ကျောင်းလာဖို့ အချိန်minပိုင်းပဲလိုတော့တယ်လေ.
တဖွဲဖွဲ ပုံစံမျိူ.းစုံနဲ့ဝင်လာနေတဲ့ ကျောင်းသား ကျောင်းသူပေါင်းစုံ.
ပိတ်ထားတဲ့မှန်တံခါးကနေ လာသမျှလူတိုင်းကိုငမ်း အဲ ငေးရင် ကလေးငယ်အလာကို မျှော်နေမိတာ သစ်ကုလားအုတ်မြင်ရင် အဘိုးလာခေါ်တော့မည်.
ပျင်းရိလွန်း၍ လိမ်ပိန်နေတဲ့ခန္ဓာကိုယ်ကလည်း ပက်က်ျိအဖေအလား.
ဘာမှမစားရသေးတဲ့ဗိုက်ကလည်း တဂွီဂွီမြည်ကာ ဆန္ဒပြချေပြီ.
"pcy~ကလေးရာ မလာသေးဘူးလားကွာ"
နာရီအားတစ်ချက်ငုံ့ကြည့်ကာ ကျနော်ရေရွတ်လိုက်ခြင်းသာ.