Unicode
ကျနော်ပြန်မရောက်ခင်ကတည်းက ကျနော့်ထက်ဦးအောင် ရောက်နေတဲ့Sehunကြောင့် အိမ်ထဲခြေချလိုက်သည်နှင့် မာမီ့မျက်စောင်းက ဒိုင်းခနဲ.
မာမီဘေးမှ မချိူ.မချဉ်နဲ့ထိုင်နေတဲ့ Sehunအခွက်ကြောင့် မာမီပွားတော့မယ်ဆိုတာ မပြောပဲနဲ့သိလိုက်ပြီ!
မာမီက အငြိမ်းစားကျောင်းအုပ်ဖြစ်သူပီပီ စည်းကမ်းလည်း အရမ်းတင်းကျပ်လွန်းသည်။
ဆယ်ကျော်သက်အရွယ်သားကို မိန်းကလေးလို အိမ်မှာချူ.ပ်နှောင်ချင်သူ!
သားကလည်း သိတဲ့အတိုင်း!
မာမီ့ရှေ့မှာဆို ကျားရှေ့မှောက်လျက်လဲတဲ့ ယုန်သူငယ်လိုလို!
မာမီ့နောက်ကွယ်ရောက်တာနဲ့ သူမတူအောင် ဒွန့်တဲ့သူ!
"Xiu~ဒါဘယ်ကပြန်လာတာလဲJongin"
သြဇာသံပြင်းလှတဲ့ မာမီ့မေးခွန်းအောက်မှာ ကျနော့်မျက်နှာလေး ဇီးရွက်ပမာ!
"Kai~Shopping Centerကပါမာမီ"
"Xiu~ဘယ်သူနဲ့သွားတာလဲ"
"Kai~သူငယ်ချင်းနဲ့ပါ"
"Xiu~သူငယ်ချင်းနဲ့ Sehunကဘာလို့အစောကြီး ပြန်ရောက်နေတာလဲ"
"Kai~အဲ့ဒါက."
ဦးနှောင်Browserထဲမှာ လိမ်ဖို့စကားလုံးတွေ အလျင်အမြန် သွားရောက်ရှာဖွေ Downယူလိုက်သည်။
"Kai~Sehun! အဲ့ကောင် Sehunဗိုက်အောင့်နေလို့!"
"Hun~အမ်?"
မာမီ့နောက်ကSehunကို မျက်စိမှိတ်ပြရတာလည်း ပါးတောင်ရွဲ့တော့မည်။
ဒါတောင် တုံး တုံးler တုံးlestနဲ့ တုံးတဲ့ ငဂျီကောင်Sehunက သဘောမပေါက်!
မေးတထိုးထိုးနဲ့ သူ့ကိုယ်သူ ယိမ်းကဖို့ မေးထိုးကျင့်နေတယ် ထင်နေသလားမသိ.
"Kai~Yarr ခွေးကောင်"
"Xiu~Jonginစကားကိုဘယ်လိုပြောလိုက်တာလဲ"
"Kai~မဟုတ်ဘူးမာမီ! ဟို ဟိုနောက်မှာ ခွေးပေါက်တစ်ကောင် မေးထိုးနေတာတွေ့လိုက်လို့ လှမ်းအော်တာဟီး"