Unicode
အစားအသောက်ကောင်းတွေ စားတဲ့အချိန်မှာ ချစ်တဲ့သူကို သတိရတတ်တယ်ဆိုတဲ့ စကားတစ်ခုရှိတယ် မဟုတ်လား.
ကျနော့်အတွက်တော့ ထိုသို့မဟုတ်.
KFCရှေ့ကဖြတ်လျှောက်တိုင်း Lotteriaကိုရောက်တိုင်း ကျနော့် ကလေးငယ်နဲ့ စတင်တွေ့ဆုံမှုကို အမှတ်ရတတ်တာ အကျင့်တစ်ခုလို ဖြစ်နေပြီ.
အလုပ်ကိစ္စတစ်ခုနဲ့ Centerကိုလာရင်း KFCဆိုင်လေးအားမြင်မိပြန်တော့ ဘာရယ်မဟုတ် ကျနော်ဝင်မိပြန်တယ်.
ဆိုင်ဝန်ထမ်းကောင်လေးတွေထံမှ ကြက်ကြော်လေးတုံးအား ဝယ်ကာ ပါဆယ်ထုတ်ရင်း ပါဆယ်ဘူးလေးကိုကိုင်ကာ ကျနော်ဆိုင်ပြင်ထွက်ခဲ့တော့ မြင်လိုက်ရတာ ကျနော့်ကလေးငယ်!
သူ့ရဲ့မတည့်အတူနေ မမြင်ခိုးကြည့်ဖော် အပေါင်းအပါတစ်သိုက်နဲ့ ဘာတွေမနှောခွေ့လာသည်မသိ.
သွားလေးတွေပေါ်သည်အထိ ရယ်ပြုံးနေသည်လေ!
အမှုမဲ့အမှတ်မဲ့ ကြောင်ကာငေးကြည့်နေရင်း ကလေးငယ်တို့အဖွဲ့က တစ်စတစ်စ ကျနော့်နားနီးကပ်လို့လာပြီမို့ အကြည့်တို့အား အလျင်အမြန် ဘရိတ်အုတ်လိုက်တာတောင် ကလေးငယ်နဲ့ချိူ.လိမ်လုဖော် တစ်ယောက်က တွေ့ဖြစ်အောင်တွေ့သွားသေး.
ရှက်ရမ်းရမ်းကာ ပိုက်ဆံအိတ်နဲ့အတူတွဲကိုင်ထားတဲ့ Phကိုထုတ်လိုက်ပြီး Phဆက်ချင်ယောင်ဆောင်နေလိုက်တယ်.
ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့.
"SH~Jonginဟိုမှာ မင်းလူကြီး"
လက်ကုတ်ကာ ပြောလိုက်တဲ့ Sehunစကားကြောင့် Sehunလည်ပင်းကို ကျနော်ဆွဲကာ ဖျစ်ညှစ်လိုက်သည်.
"Kai~ဘာငါ့လူကြီးလဲ မင်းကြိုက်ရင် မင်းလိုက်သွား"
"Tao~မင်းလူကြီးကို မကြိုက်ပေမဲ့ လက်ထဲက ဟာကိုမြင်ရင် မင်းအဲ့လူကြီးနား ရောက်သွားမယ်ဆိုတာ ငါအာမခံရဲတယ်"