Unicode
ကိုယ်ပူရှိန်နဲ့ တစ်ညလုံးညည်းနေတဲ့ လူကြီးကြောင့် ကျနော်ကောင်းကောင်း
အိပ်၍မရ။အိပ်နေရာမှထကာ နှဖူးပြင်အားစမ်းကြည့်တော့ ကိုယ်တွေခြစ်ခြစ်တောက် ပူ၍နေသည်။
kai - လူကြီး ထအုန်း။
pcy - အင်း ကလေးဘာဖြစ်လို့လဲ။
ဖျော့တော့နေတဲ့အသံကြားက ဂရုဏာစကားက ကျနော့်ကိုစိတ်မကောင်းဖြစ်စေသည်။
ခင်ဗျားနေမကောင်းနေတာတောင် ကျနော်ဘာဖြစ်လို့လဲလို့ ချက်ချင်းမေးတဲ့ ခင်ဗျားက ကျနော့်ကိုအဲ့လောက်အထိ ချစ်တာလားဗျာ။
pcy - ဟင် ကလေး ငိုနေတယ်။ ဘာဖြစ်လို့လဲ။
ချက်ချင်းဆိုသလို ကုန်းရုန်းထကာ ကျနော့်မျက်ဝန်းအိမ်အောက်ဖျားက မျက်ရည်စတို့အား သုတ်ရင်း မေးလာသည့် လူကြီးရဲ့လက်တို့အား အုပ်မိုးဆုတ်ကိုင်လိုက်ပြီး။
kai - လူကြီး ။
pcy - အင်း။
kai - ချစ်တယ်။
pcy - ဟင်။
အမှတ်မထင် ထွက်ကျလာတဲ့ ကျနော့်ပါးစပ်က ဖွင့်ဟဝန်ခံမှုကြောင့် အံ့အားသင့်နေတဲ့ ထိုလူကြီးရဲ့မျက်ဝန်းတွေနောက်မှာ အပြုံးတွေတွဲခိုလို့။
pcy - ကလေးဘာပြောလိုက်တာလဲ။
kai - ခင်ဗျားကိုယ်တွေအရမ်းပူနေတယ်။ ကိုယ်ပူကျသွားအောင် ကျနော် ရေပတ်ဝတ်တင်ပေးမယ်။
ကုတင်ပေါ်မှဆင်းရန်ပြင်လိုက်သည့် ကျနော့်ရဲ့လက်အား လှမ်းကာဆွဲလိုက်သည့်လူကြီးရဲ့ သန်မာတဲ့လက်တွေက နေမကောင်းနေတာတောင် အားလျော့မသွား။
kai - ဘာလုပ်တာလဲ။
pcy - စောစောကစကားကို ပြန်ပြောပေးပါလား။
kai - ဘာစကားလဲ။ မသိဘူး။
pcy - ကလေး။
လည်ဂုတ်နား နှုတ်ခမ်းတို့ထိခတ်ကာ မထိတထိခေါ်လိုက်တဲ့ လူကြီးရဲ့အသံက အသွေးအသားထဲအထိ စီးဆင်းလာတာမို့ ခေါင်းလေးငုံ့ကာ မေးလေးဆက်၍ အသံတိတ် ကျနော်ပြန်ထူးလိုက်သည်။