ငါ မှတ်မိတယ် ~

301 20 1
                                    


" ငါ မှတ်မိတယ်... ~ "

အဲ့ဒီနေ့က ငါ့ရင်ဘတ်ကို ခပ်တင်းတင်းချည်နှောင်ခဲ့တဲ့
ပန်းဖျော့ဖျော့နှုတ်ခမ်းသတ်မျဉ်းရဲ့ ရယ်သမ်းသွေးပုံလေးကို...ငါ မှတ်မိတယ်...။

မင်းကို မသိမသာ ငေးလင့်နေရင်းက...
နှလုံးသားရဲ့ ခပ်မြန်မြန် တီးခေါက်သတိပေးချက်ကို မချင့်မရဲ
သွေဖယ်...ပယ်ချမိခဲ့မိတဲ့...
ငါ့ရဲ့ တွေဝေခြင်းဆန်ဆန်အချိန်ဆွဲမှုတွေကို
ငါ မှတ်မိတယ်...။

တန်းခွဲခွဲတဲ့နေ့ ရှစ်တန်း (A) ခန်းမှာ...
မင်းရဲ့ဘေးက တစ်နေရာပိုနေတဲ့ သတ်မှတ်ခုံပေါ်ကို ~
ငါ့နှလုံးသားရဲ့သံလိုက်အိမ်မြှောင်
ညွှန်းစေတဲ့အတိုင်း...
သတိလက်လွတ်ဝင်ထိုင်ခဲ့မိတာကို ငါမှတ်မိတယ်...။

ပိုကျယ်ပြန့်ပြီး တွယ်တာလာတဲ့
မင်းနဲ့ငါ့ရဲ့ ခင်မင်ခြင်းမှာ...
မင်းရဲ့ ဂျစ်ဆတ်ဆတ်အနိုင်ယူမှုတွေကို...
သဘောတကျ... ~
လိုက်လျောခံယူခဲ့တာတွေကိုလည်း
ငါမှတ်မိတယ်...။

မင်းရဲ့ တစ်ခါတစ်ရံ စိတ်ဆိုးမှုတွေနဲ့...
ငါ အစိုးမရတဲ့အခါ ~
သူငယ်ချင်းဆိုတဲ့ ကန့်သတ်ချက်ကို ဘေးဖယ်တွန်းရင်း မင်းရဲ့ ခပ်သေးသေးကိုယ်လေးကို မရဲတရဲ ဆွဲဖက်လိုက်ရင်း ချွေးသိပ်တောင်းပန်တဲ့အခါ...
မငြင်းဆန်ခဲ့တဲ့ မင်းရဲ့ အရုန်းအဖယ်တွေကို...
ငါ မှတ်မိတယ်...။

ပြီးတော့...
အဲ့ဒီအခိုက်အတန့်မှာ မင်းနဲ့ငါ့ရဲ့ ရင်ခုန်သံတွေ...
ထပ်တူထပ်မျှ အသားကျခဲ့တာကို...
ငါ သေချာမှတ်မိတယ်...။

မင်းငါ့ကို သိသိသာသာ ဖယ်ထုတ်နေတာလည်း ငါမှတ်မိတယ်...။

မင်းရဲ့ ထိရောက်လွန်းတဲ့ စော်ကားရှုံ့ချမှုတွေမှာ...
ငါ့အသည်းတွေ ဟက်တပ်ကွဲကြေခဲ့ရတာလည်း
ငါ မှတ်မိတယ်...။

မင်း ပါးစပ်က သွေးအေးအေးနဲ့...
မကြာခဏပြောခဲ့တဲ့ မင်းရဲ့ ရွံ့မုန်းစကားတွေကိုလည်း ငါ မှတ်မိတယ်...။

မင်းရဲ့အချစ်တွေကို...
ကွယ်လျှိုးနိုင်လွန်းတဲ့ တလွဲလွန်လွန်း
စကားလုံးတစ်ခုချင်းစီကို ~
ငါ မှတ်မိတယ်...။

မင်းရဲ့ " ချစ်တယ် " ဆိုတဲ့ တိုးဖွဖွ ဖွင့်ဟသံကလေးကို...~

ငါ... မေ့ပစ်ဖို့ အခါခါ ကြိုးစားနေတဲ့ကြားက...
အတိအကျ အလွတ်ရအောင်ထိ...

ငါ မှတ်မိနေပါသေးတယ်...။

| | | | | | | ~ Indefinite ~ | | | | | | |

#SwanHtetNyi
#SaiMinThant

" Indefinite ~ "Where stories live. Discover now