မပေးဖြစ်တဲ့စာ

104 18 1
                                    

A/N :
စိုင်းမင်းသန့်ရဲ့...
စိတ်ခံစားချက်အလုံးစုံ...။

| | | | | | | ~ Indefinite ~ | | | | | | |

" သို့ စွမ်းထက်ညီ

'သို့' လို့ ဦးတည်သူတပ်ပြီး...
ဘယ်တော့မှ ပေးဖတ်ဖို့ အစီစဉ်မရှိတဲ့စာကို
ငါအခု ရေးနေတယ်...။

သိလား...?

စွမ်းထက်...။

ငါမင်းကို... ငါးတန်းကျောင်းစဖွင့်ကတည်းက
ချစ်ခဲ့တာ...။

မင်းရဲ့ မျက်ဝန်းတွေကို ချစ်တယ်...။

ရီဝေညွှတ်နေတဲ့ အဲ့ဒီမျက်ဝန်းတွေကပဲ...
ငါ့ကို အခါခါရူးစေခဲ့တာ...~

မင်းရဲ့ အရာရာကိုချစ်တယ်...။

မင်းနောက်မှာ အမြဲရှိနေတဲ့ ငါ့ကို မင်းကဘယ်မြင်မလဲ...။

မြင်လည်းမမြင်စေချင်ခဲ့ပါဘူး...။

ငါ့အချစ်တွေကို...မင်းသိမှာမှမဟုတ်တာ...။

ယောကျ်ားတစ်ယောက်က...
ယောကျာ်းတစ်ယောက်ကို အသည်းအသန် ချစ်တဲ့စိတ်...။

မင်းမှ ငါ့ကိုမချစ်နိုင်တာ...။

ခြောက်တန်းနှစ်...။

ငါ မင်းကို ပိုတိုးလို့ ချစ်လာတယ်...။

မင်းအဆင့် ( ၁ ) ရတဲ့အခါ ~
အမှတ်စာရင်းပေါ်က မင်းရဲ့ နာမည်ကို
ခပ်ဖွဖွထိကြည့်ရင်း...
တစ်လောကလုံးနဲ့ယှဉ်ပြီး...
မင်းအတွက် ဂုဏ်ယူရဲတယ်...။

ခုနတန်းနှစ်...။

မင်း ကောင်မလေးတွေနဲ့တွဲတယ်...။

ငါ့မျက်ရည်တွေက မင်းရဲ့
သက်ညှာမှုမရှိ လုပ်ရပ်တွေကြောင့်...
ရပ်လို့မရခဲ့ဘူး...။

အဲ့ဒီနေ့ကစ...
ငါမင်းကို မုန်းခဲ့တယ်...။

ငါ့ကို ပြန်မကြည့်တဲ့ မင်းကို ခါးခါးသီးသီးမုန်းခဲ့တယ်...။

ဒါပေမယ့်...
ငါ့အချစ်တွေကိုတော့မရပ်နိုင်ခဲ့ပါဘူး...။

ရှစ်တန်းနှစ်...။

ငါ ပျော်ဖို့ကောင်းတဲ့ အိပ်မက်အရှည်ကြီးမက်ခဲ့တယ်...။

မင်းက ငါ့အနားမှာလာထိုင်တယ်...။

" Indefinite ~ "Where stories live. Discover now