" Indefinite... ~ "

220 17 1
                                    

ငါ့ရဲ့အမျိုးမျိုးသော စိတ်ခံစားချက်တွေကို ~
မင်းတစ်ယောက်တည်းက...
ဖန်တီးလုပ်ယူပေစွမ်းနိုင်တယ်ဆိုတဲ့အကြောင်း
ငါ ပြောခဲ့သင့်တယ်...။

ဒါပေမယ့်...
တရွဲ့တစောင်း ဟန်ဆောင်မှုတွေကြားထဲမှာ
ငါ့ကိုယ်ငါ ပျောက်ဆုံးနေခဲ့တယ်...။

မှန်မယ်ထင်တဲ့ အရာရာက...
တပ်တပ်ဆင်အောင် လွဲမှားတဲ့အခါ ~

မင်းကို ငါကိုယ်တိုင်ပဲ ဖယ်ထုတ်စေခဲ့မိသလား~

မင်းကိုယ်တိုင်ကပဲ လိုလိုချင်ချင် ဖယ်ကျဉ်ပြောင်းလဲသွားသလား ~

မသိအောင်ပဲ...
အလုံးစုံ ချို့ယွင်းလာခဲ့တယ်...။

အဲ့သည် ချို့ယွင်းခြင်းတွေထဲ...
မင်းရဲ့ နှလုံးသားလည်း အပါအဝင်ပေါ့...။

| | | | | | | ~ Indefinite ~ | | | | | | |

SwanHtetNyi's Point Of View ;

စိတ်ပျက်လောက်အောင်...
စောစီးစွာ ဖွင့်လှစ်သောကျောင်း၏ နှိပ်စက်မှုဖြင့်...
အိပ်ယာမဝင်မီ... သမိုင်းအပုဒ်တိုများကို ပြန်နွှေးနေရသည်...။

ပြန်နွှေးဖို့မလိုအောင် ပါးစပ်ထဲ စွဲမြဲနေသော
စာများကြောင့်... ကျေနပ်မိသွားသည်...။

ဟိုကောင်ရော...?

ကျက်ခဲ့ပါ့မလား...?

ခါတိုင်းလို...ကြည့်ရုံနဲ့
မို့အစ်နေအောင် အိပ်ရေးဝနေတဲ့ မျက်ဝန်းတွေနဲ့...ကျောင်းတက်ပြီးမှ ရောက်လာသော်ငြား...
တိကျကာ ကြောက်ဖို့ကောင်းသောဆရာမကို
မျက်နှာသေဖြင့် 'ဝင်ခွင့် ' တောင်းမြဲတောင်းဦးမလား...?

ကျွန်တော့်ဘေးဝင်ထိုင်သော သူ့ထံမှ...
ခပ်မောမော အသက်ရှူသံဖွဖွကို...
ကျွန်တော်ကရော...အသေအချာ လိုက်နားထောင်မိဦးမှာပဲလား...?

ပြီးတော့...
သူ့အစား...ကျွန်တော်ပဲ မောလိုက်ချင်တော့သည့် တစ်ဖက်သတ်
နစ်နာခံချင်နေသော ဆန္ဒပြင်းပြမှုကို...
ထိန်းချုပ်နိုင်စွမ်း...ရှိပါ့မလား...?

တတိယမြောက် ပြန်ရသော...
ကျွန်တော်တို့အတန်းမှာ ~
ကျွန်တော်နဲ့ ခိုင်ဇော်ရဲ့ ခပ်မြန်မြန် ပြန်ဆိုသွားမှုနောက်က တမောတကောနဲ့
မကျေတကျေ လိုက်ဆိုဦးမှာပဲလား...?

" Indefinite ~ "Where stories live. Discover now