'Casino Card Game'

5.5K 451 29
                                    




[Unicode]

'The Deal'

ဒီ Card game ကို လူနှစ်ယောက်ကနေ လေးယောက်ထိ ကစားပါတယ်..
ပထမဆုံးအနေနဲ့ ဖဲဝေတဲ့ နည်း ~
ဖဲချပ်တစ်ထပ်(deck)စီမှာ 52 ကဒ်ပါတယ်။
ပြိုင်ဘက်ကို နှစ်ကဒ်အရင်ဝေ၊ အလယ်မှာ နှစ်ကဒ်ကို ဖြန့်ပြီးချ ပြီးရင် ကိုယ့်အတွက် နှစ်ကဒ်ယူ.. အဲ့ဒီလို နောက်တစ်ခါ ထပ်လုပ်ရပါတယ်။
Player တစ်ယောက်ကို လေးကဒ်စီပေါ့။

'Objective'

Most Card - 3 points
Most Spades - 1 points
Big Casino (10 Diamonds) - 2 points
Little Casino (2 Spades) - 1 points
Each Ace - 1 points

ဒါက နောက်ဆုံး အမှတ်တွက်ဖို့ပါ။

'Game Play'

နိုင်ဖို့အတွက်ဆို ကဒ်များနိုင်သလောက် များများသိမ်းနိုင်ရပါမယ်။

ကဒ်ဘယ်လိုသိမ်းရမလဲ?
ကိုယ် ဆော့ရမယ့်အလှည့်ကျ အလယ်မှာ ဖြန့်ချထားတဲ့ ကဒ်ထဲ ကိုယ့်မှာရှိနေတဲ့ကဒ်တစ်ကဒ်တည်းနဲ့ဖြစ်စေ နှစ်ကဒ်ပေါင်းဖြစ်စေ နံပါတ်ချင်းတူနေရင် သိမ်းလို့ရပါတယ်။

ဥပမာ- အလယ်ကဒ်က '6' ကိုယ့်မှာလည်း '6' ရှိတယ်ဆို သိမ်းလို့ရပါတယ်။
ဒါမှမဟုတ်ရင် ကိုယ့်မှာ '4' နဲ့'2' ရှိတာမျိုး '3' နဲ့ '3' ရှိတာမျိုးဆိုရင်လည်း သိမ်းလို့ရတယ်။

တူတဲ့ကဒ် မရှိဘူးဆိုရင် အလှည့်ကျတဲ့လူက ကိုယ့်ဆီမှာရှိတဲ့ ကဒ်တစ်ကဒ်ကို အလယ်မှာ ချရမှာပါ။

'Combination'

Combination နှစ်မျိုး ရှိပါတယ်။
Build Combination နဲ့ Call Combination ပါ။

'Build Combination'

အရင် Chapter မှာ BaekHyun နောက်ဆုံး လုပ်သွားတာ ဒီ combination ပါ။
အလယ်က ကဒ်ထဲ '6' တစ်ကဒ် ရှိနေမယ်။
ကိုယ့်ဆီမှာက '2' နဲ့ '8' ရှိမယ် ဆိုရင် ဒီနည်းက အဆင်ပြေပါတယ်။

ပေါင်းတော့မယ်ဆို 'Building (ပေါင်းလဒ်နံပါတ်)' လို့ ပြောရပါမယ်။
မပြောရင် တစ်ဖက်လူက သူ့မှာရှိတဲ့ တစ်ကဒ်ကို ထပ်ပေါင်းလို့ရတယ်။

ဥပမာ - ပေါင်းလိုက်လို့ '8' ဖြစ်သွားပြီပဲဆိုပါစို့။
ကိုယ့်ဆီမှာလည်း '8' ရှိရက် 'Building 8' လို့ မအော်ရင် တစ်ဖက်လူက သူ့မှာရှိတဲ့ '1' ကဒ်ပဲဖြစ်ဖြစ် ထည့်လိုက်လို့ရတယ်။
ပေါင်းလဒ်က '9' ဖြစ်သွားမှာ။

♕JOKER & HARLEY{Season-II}♕Where stories live. Discover now