❦Chapter Ten❦ {Z+U}

6.7K 946 103
                                    

JOKER & HARLEY
Chapter Ten
ChanBaek BaekYeol
Yaoi

[Recommended Music - 'Him & I' by Halsey and G-Eazy]

Zawgyi

အမေရိကန်နိုင်ငံ၊ ဂေါ့သမ်မြို့၏ နံနက်ခင်းတွင် ယမန်နေ့များနှင့်မတူစွာ မိုးတဖြောက်ဖြောက် ရွာသွန်းလျက်ရှိသည်။

နှင်းဆီပွင့်လွှာများနှင့် ဆင်ယင်ထားသော ရေများထည့်ထားရာ bathtub ထဲ၌ ChanYeol သည် ဝိုင်ခွက်တစ်ခွက်ကို လက်ထဲကိုင်လျက် မျက်လုံးမှိတ်ကာ ဇိမ်ခံအနားယူနေ၏။

အမြဲလို ဆေးရောင်များခြယ်သထားတတ်သော မျက်နှာတွင် ယခု ဘာဆေးရောင်မှ ရှိမနေ..။
ChanYeol ၏ ပကတိမျက်နှာသည် ပြောင်ရှင်းချောမွေ့နေသည်။

ထို့နောက် ရေချိုးခန်းတံခါး ပွင့်ဟလာကာ တစ်စုံတစ်ဦး ဝင်ရောက်လာ၏။
လူတစ်ယောက် ရောက်ရှိလာမှုကြောင့် မှေးမှိတ်ထားသော မျက်လုံးများကို ChanYeol ဖွင့်ကြည့်လိုက်သောအခါ သူ့အား အပြုံးတစ်ခုနှင့် ကြည့်နေသော BaekHyun ကို တွေ့ရသည်။

ခန္ဓာကိုယ်ပေါ်တွင် တစ်ခုတည်းသော အဝတ်အစားဖြစ်သည့် bathrobe လေးကို ချွတ်ချလိုက်တော့ Byun BaekHyun ၏ မိမွေးတိုင်းဖမွေးတိုင်းခန္ဓာကိုယ်ဟာ ChanYeol ရှေ့ ကျော့မော့လှပစွာ ပေါ်ထွက်လာ၏။

ရေကန်ထဲ ဝင်လာ၍ သူ့ရင်ခွင်ထဲ လာရောက်မှီခိုလိမ့်မည်ဟူသော ChanYeol အတွေးနှင့် BaekHyun ၏ အပြုအမူသည် ထပ်တူမကျခဲ့..။

ရေကန်ထဲတော့ ဝင်လာပါရဲ့...။
ChanYeol ၏ ရင်ခွင်ထဲ ရောက်မလာ။
BaekHyun သည် သူနှင့် မျက်နှာချင်းဆိုင်၌ ကန်ဘောင်ကို မှီကာ ထိုင်၍ ခြေထောက်နှစ်ချောင်းကို သူ့ခြေထောက်နှစ်ဖက်ကြား ဒူးကွေးကာ နေရာချသည်။

နှစ်ဦးသား ဘာစကားမှ ပြောဆိုခြင်းမရှိသေး။
BaekHyun သည် နှင်းဆီပွင့်ဖတ်အချို့ကို လက်နှစ်ဖက်ဖြင့် ဆယ်ယူကာ လက်ထဲပါလာသော နှင်းဆီပွင့်ဖတ်များကို နမ်းရှိုက်နေ၏။

ChanYeol လက်ထဲက ဝိုင်ခွက်ကို နှုတ်ခမ်း၌ တေ့ကာ မော့ချသည်။
BaekHyun ကမူ ChanYeol ကို ငေးကြည့်နေ၏။

♕JOKER & HARLEY{Season-II}♕Dove le storie prendono vita. Scoprilo ora