❦Chapter Twelve❦ {Z+U}

6.5K 960 195
                                    

JOKER & HARLEY
Chapter Twelve
ChanBaek BaekYeol
Yaoi

[Unicode]

ညသန်းခေါင်ယံအချိန်မို့လားမသိ။
ဂေါ့သမ်မြို့၏ လမ်းမကြီးများပေါ် ကားအသွားအလာ အလွန်နည်းသည်။

ရိုးရိုးသာမန်ကားများနှင့်မတူသည့် အထူးတလည်ပြုလုပ်ထားသော ကားတစ်စီးသည် ဂေါ့သမ်မြို့တွင်းရှိ လမ်းမတစ်ခုပေါ် ရပ်ထား၏။
မလှမ်းမကမ်း၌မူ လမ်းမကြီးနှင့် ဘေးပတ်လည်က ရေကန်ကို ခြားနားထားသည့် အကာအရံသည် ကားတစ်စီးဝင်တိုးထားမှုကြောင့် ကျိုးပဲ့ပျက်ယွင်းနေသည်။

လွန်ခဲ့သည့် တစ်နာရီခန့်က ကားတစ်စီးလုံး ရေထဲပြုတ်ကျကာ စုံးစုံးမြုပ်သွားသော်လည်း သတိပြုမိသူမရှိကြ..။
ထိုလမ်းမပေါ် ကားအသွားအလာ မရှိသလောက် ရှားလေသည်။

လမ်းဘေးထိုးရပ်ထားသော ကား၏ ပိုင်ရှင်ဖြစ်သူမှာ ပြည်သူလူထုက လင်းနို့လူသား(batman)ဟု အသိများသော Bruce Wayne ပင် ဖြစ်၏။

ကားထဲတွင် သတိလစ်မေ့မြောနေသော BaekHyun ရှိသည်။
ပက်လက်အနေအထားဖြင့် ရှိနေကာ လက်နှင့်ခြေထောက်တို့ကို ကြိုးဖြင့် ခိုင်မာစွာ တုပ်နှောင်ထားခြင်းခံရ၏။

Bruce Wayne မှာမူ ကားကို မှီကာ တစ်စုံတစ်ဦးနှင့် ဖုန်းပြောနေသည်။

"ကျုပ်ထင်တာမမှားဘူးဆိုရင်.. အင်း.. ခင်ဗျားတို့ကို သတင်းပို့ထားတာ နာရီဝက်လောက်ရှိပြီဗျ။ ဘာကြောင့် တစ်ကောင်တစ်မြှီးမှ မမြင်ရသေးလဲဆိုတာ ကျုပ်ကို မရှင်းပြချင်ဘူးလား"

ပူးပေါင်းဆောင်ရွက်ပေးဖို့ သဘောတူထားသဖြင့် သူတို့အလိုရှိသောသူကို ဖမ်းဆီးပေးထားပါသော်လည်း ခုချိန်ထိကို ရောက်မလာနိုင်ကြသေး..။
Harley ဟူသော ကောင်လေးသည် သူ့ကားထဲတွင် သတိလစ်လျက် ရှိနေသည်မှာ မိနစ်သုံးဆယ်ပင် ကြာမြင့်ခဲ့လေပြီ။

"အမန်ဒါ.. ခင်ဗျားတပ်ဖွဲ့က အချိန်မလေးစားလိုက်တာ"

'အဟွတ်! အဟွတ်!'

Bruce ဖုန်းပြောဆိုနေစဉ်မှာ BaekHyun သည် ပါးစပ်ထဲမှ ရေများကို ထွေးထုတ်လိုက်ပြီးနောက် သတိဝင်လာသည်။
ထို့ကြောင့် တစ်ဖက်လူကို စကားဖြတ်ပြီး ဖုန်းချလိုက်၏။

♕JOKER & HARLEY{Season-II}♕Tahanan ng mga kuwento. Tumuklas ngayon