❦Chapter Five❦ {Z+U}

7.2K 903 17
                                    

JOKER & HARLEY
Chapter Five
ChanBaek BaekYeol
Yaoi

[Recommended Music - Queen by Bohemian Rhapsody]

Zawgyi

သေနတ်ပစ်သင်ခန်းစာအား သင်ကြားပေးပြီးနောက် ဆင်နွှဲခဲ့ကြသည့် အချစ်တိုက်ပွဲပြီးနောက်ပိုင်း ChanYeol ကို BaekHyun မတွေ့ရ။
မေးမြန်းကြည့်သည့်အခါ ကိစ္စတစ်ခုကြောင့် အီတလီဘက်သို့ ထွက်သွားသည်ဟု သိရသည်။

BaekHyun တစ်ယောက်မှလွဲ၍ တစ်ဦးတစ်ယောက်မှ ရှိမနေသည့် အခန်းကျယ်ထဲ တိတ်ဆိတ်ငြိမ်သက်ခြင်းတို့က ကြီးစိုးလျက်...။

ဒီအခန်းကြီးထဲ ကုန်ဆုံးခဲ့သည့် အချိန်အများစုမှာ BaekHyun တစ်ယောက်တည်း ဖြတ်သန်းခဲ့ရသည်သာ ဖြစ်၏။
ယခုတွင်လည်း သူတစ်ယောက်တည်း...။

မကြာသေးခင်ကမှ ChanYeol ပေးအပ်လာသော ဟန်းဖုန်းလေးကို လက်ထဲကိုင်ထားရင်း BaekHyun ကုတင်ပေါ်၌ ငိုင်တိုင်တိုင် ထိုင်နေသည်။

ဖုန်းစခရင်မ်ပေါ်တွင် ပေါ်နေသည့် ChanYeol ဆီ ဆက်သွယ်နိုင်မည့်ဖြစ်သော ဖုန်းနံပါတ်လေးအပေါ် BaekHyun ၏ လက်မလေးက ဝေ့ဝဲလို့နေ၏။
ဖုန်းစခရင်မ်ကိုတော့ လက်နှင့် မထိဖြစ်။

မျက်နှာမမြင်ရရင်တောင် အသံလေးဖြစ်ဖြစ် ကြားချင်ပါသော်လည်း မိမိဖုန်းဆက်လိုက်မိသောအချိန်သည် သူအလုပ်လုပ်ချိန်ဖြစ်နေ၍ အေနှာင့်အယှက်ဖြစ်မည်ကို စိုးရိမ်ရသည်။

ChanYeol အတွက် အရေးပါဆုံးသောသူတစ်ယောက် ဖြစ်ချင်၏။
ကမ္ဘာပေါ်မှာ ရှိသမျှ ချစ်ခြင်းမေတ္တာတွေအားလုံးထက် သာလွန်သည့် ချစ်ခြင်းမျိုးနှင့် ChanYeol ကို သူ ချစ်ပြချင်သည်။
အခြားသူတစ်ဦးကို စိတ်ကူးထဲ မထည့်နိုင်လောက်သည့် သာယာယစ်မူးစေသော အထိအတွေ့မျိုးကို ပေးဆောင်၍ ChanYeol အား မိမိရင်ခွင်ထဲမှာသာ သိမ်းဆည်းထားချင်သည်။
ထို့အတူ သွေးရောင်လွှမ်းသော ဒုစရိုက်လောကဝယ် ကြုံတွေ့ရသမျှ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်သည့် ပါတနာကောင်းတစ်ယောက်လည်း ဖြစ်ပေးချင်သည်။

♕JOKER & HARLEY{Season-II}♕Où les histoires vivent. Découvrez maintenant