သာယာသောမနက်ခင်းလေးမှာ အိပ်ယာဘေးမှ မြည်နေသော နှိုးစက် အလန်းကို ပိတ်ပြီး စောင်ပုံထဲ အတင်း တိုးဝှေ့အိပ်နေတဲ့ သီရိစံအိမ် သခင်မလေး ချယ်။
ဒေါက်..ဒေါက်
ချယ်ကြားပါတယ်။ မာမီ တံခါးလာခေါက်တာပါ။ မနေ့ညက ဘန်ကောက်အလည်သွားနေတဲ့ သဇင် နဲ့ Chatting ပြောနေလို့ ညဥ့်နက်မှ အိပ်ပျော်သွားတယ်လေ။ချယ် မာမီ " သမီးချယ်ရေ မထသေးဘူးလား၊၊ ဒီနေ့ သမီး ဒယ်ဒီပြန်လာမဲ့နေ့နော် သမီးချယ်"
ဒယ်ဒီ ပြန်လာမယ်။ဟုတ်သားဘဲ ဒယ်ဒီ အမေရီကားကနေပြန်လာမှာ။သေပြီမိချယ်ရေ။
ချယ် "မာမီ ချယ် ထပြီနော်၊ ပြီးရင်အောက်ဆုံးခဲ့မယ်"
ချယ့်မာမီ "အေးအေး သမီး အောက်မှာ ဖွားဖွားလည်းမနက်စာစားဖို့ စောင့်နေတယ် မြန်မြန်လာနော် သမီး"
ချယ် "ဟုတ်မာမီ" မာမီကိုပြောပြီး ရေချိုးခန်းထဲ တန်းဝင်ရတော့တယ်။
ချယ့် အမည်က "ပန်းချယ်ရီ" ။ ချယ်ကUFL မှာ ဂျပန် ဘာသာကို အထူးပြု ယူထားတာပါ။အခုဆို ဒုတိယနှစ်ရောက်ပြီလေ။ ဒယ်ဒီက ACE Electronic & Home Service Company ပိုင်ရှင် ဦးဝဏ္ဏကျော် နှင့် ပန်းချယ်ရီ ပိုးထည်တိုက်ပိုင်ရှင် ဒေါ်သစ္စာ တို့ရဲ့ တစ်ဦးတည်းသောသမီး။ ချယ့် ကျောင်းပိတ်ရက်တွေမှာ မာမီဆိုင့်ကိုသွားပြီး ကူပေးတယ်လေ။
ချယ် "ဖွားဖွား မောနင်း ရွှတ်။ မာမီ မောနင်း ရွှတ်"
ဖွား "မိချွဲလေး။ သမီး ဒယ်ဒီပြန်လာမှာဆိုတော့ ပျော်နေတာပေါ့လေ "
ချယ် "ပျော်တာပေါ့ ဖွားဖွားနဲ့။ ဒယ်ဒီပြန်လာရင် လက်ဆောင်တွေ အများကြီး ပါလာမှာလေ"
မာမီ "အမယ်လေး ညည်းလေးက လက်ဆောင်ရမှာမို့ပျော်နေတာပေါ့"
ချယ် မာမီ့ကို ရယ်ပြလိုက်တယ်။ဖွား "သမီး သစ္စာ"
မာမီ "ရှင့် မေမေ"
![](https://img.wattpad.com/cover/143061596-288-k32205.jpg)
YOU ARE READING
အမုန်းတွေမရှိတဲ့ မနက်ဖြန်တိုင်းမှာ အချစ်တွေနဲ့ ပြည့်နှက်စေ
Romanceအားပေးကြပါအုံးနော်