အခုဆို ချယ်တို့ကျောင်းဖွင့်တာ နှစ်ပတ်တောင်ပြည့်ပြီ။ ကျောင်းသွား ကျောင်းပြန် ကို Daddy ရဲ့ အတွင်းရေးမှူး ကိုစိုင်း ကဘဲ လိုက်ပို့ပေးတယ်။ ချယ် က ကိုယ့်ဘာသာဘဲ ကျောင်းသွားချင်တာလို့ ပြောရင် Daddy သမီးလေးကို စိတ်မချလို့ပါ ဘဲပြောတယ်။
သဇင်ကလည်း စင်္ကာပူ မှာဘဲ ဆေးကျောင်းဆက်တတ်မယိတဲ့။ အခု ချယ့်မှာ သူငယ်ချင်းဆိုတာတောင် မရှိတော့ဘူး။ ချယ် စိတ်တိုတိုနဲ့ ခဲလုံးလေးတစ်လုံးကောက်ပြီး အားကုန်လွှဲပစ်လိုက်တာ လူတစ်ယောက်ခေါင်းကို သွားမှန်တယ်။အားးး!!!!!!! ရဲသွေး တစ်ယောက် စာအုပ်ဖတ်ပြီး ကျောင်းအလာ ဘယ်က ခဲလုံးမှန်းမသိ လာမှန်တော့ ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့ ရှေ့မှာ အနီရောင် ဝမ်းဆက်လေး ဝတ်ထားတဲ့ ကောင်မလေး တစ်ယောက်ဘဲ ရှိတယ်။ သူလည်းမဖြစ်နိုင်တာ။ ရိုးရိုးလေး ဝတ်ထားတဲ့ ကောင်မလေးက လက်သရမ်းမလား ဗျာ။ စဉ်းစားစရာဘဲ။ သရဲများလား။ သရဲ က ဘယ်လိုလုပ် မနက်ဘက်ထွက်မလည်း။ ကျွန်တော်တွေးနေတုန်း ခုနက ကောင်မလေးက တဖြည်းဖြည်း ကျွန်တော့် အနားကို လျှောက်လာတယ်။ ကျွန့်တော် မျက်လုံးတောင်ပြူးတာ ကျွန်တော့ နတ်သမီးလေး ပန်းချယ်ရီ ဝိုး ပျော်ထှာ။
ချယ် "ဒီမှာ ရှင် အဆင်ပြေရဲ့လားဟင်။ ချယ် မမြင်လိုက်လို့နော် စိတ်တိုပြီး ခဲလုံးကို အားနဲ့ လွှဲပစ်လိုက်တာပါ။ ချယ် တောင်းပန်တယ်နော်။"
ငိ ဘယ်လို ဘယ်လို သူပစ်တာ အမယ်လေး လက်သံပြောချက်။ ဘယ်ရမလည်း ရဲရဲ တို့ ကဟန်ဆောင်ရမှာပေါ့
ရဲ "ဒီမှာ မင်းငါ့ကို ဘာမကျေနပ်ဖြစ်နေလည်း။ ပထမ တစ်ခါက ကားနဲ့ တိုက်မိသလို ဖြစ်တယ်။အခု ခေါင်းမပေါက်တာ ကံကောင်း။ အမယ်လေး ပြောရင်း ခေါင်းမူးတာ" ကျွန်တော် ခေါင်းမူးချင်ယောင်ဆောင်တော့ ကောင်မလေး ခင်ဗျာ ပြာပြာသလဲ ဖြစ်သွားရှာတယ်။ မျက်နှာကလည်း ငိုမဲ့ ငိုမဲ့နဲ့။
YOU ARE READING
အမုန်းတွေမရှိတဲ့ မနက်ဖြန်တိုင်းမှာ အချစ်တွေနဲ့ ပြည့်နှက်စေ
Romanceအားပေးကြပါအုံးနော်