ရဲသွေး pov:
ဘာလိုလိုနဲ့ ကျွန်တော်နဲ့ ချယ် သူငယ်ချင်းတွေဖြစ်တာ ၃ လလောက်ရှိပြီ။ ကျွန်တော် ချယ့်ကို ဖွင့်ပြောတော့မယ်။ ဒီနေ့ ချယ်နဲ့ ချိန်းထားတဲ့ နေရာကို.သွားဖို့ ပြင်ဆင်ပြီး ဆင်းလာခဲ့သည်။မြ. "ရဲရဲ ဒါက ဘယ်လည်း"
ရဲ " အပြင်သွားမလို့ပါ မမရဲ့"
မြ. "ရဲရဲ ကို မမ မေးစရာရှိတယ်။"
ရဲရဲ "မေးလေ မမရဲ့"
မြ. "မင်းနဲ့ ချယ် နဲ့ က ချစ်သူတွေဖြစ်ပြီးလား။ ဖြစ်ရင် ဖြတ်ပစ်။ မဖြစ်သေးရင်လည်း အဆင့်မတတ်တဲ့။ ငါ့ မောင်ကို သစ္စာမရှိတဲ့ မိန်းမနဲ့ သဘောတော့ မတူနိုင်ဘူး"
ရဲရဲ "မမ ဘာတွေပြောနေတာလည်း။ ချယ်က မိန်းမကောင်းလေး တစ်ဦးပါ မမရဲ့။"
မြ. "အေး နင်သိအောင် ငါပြောပြမယ်။ .!#*¿$£€€|)•¿¿*$#!{ အဲ့တာဘဲ။ ရည်းစားတွေ ထည်လည်တွဲသူနဲ့ မမ သဘောမတူဘူး။"
ရဲရဲ "မဖြစ်နိုင်တာမမ။ သူ့မှာ အဲ့လို စာရိတ္တမကောင်းတဲ့ စိတ်မရှိဘူးမမ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော် ချယ့် ကိုချစ်တယ်။"
ရဲရဲဖေဖေ "ဖေဖေတို့ မျိုးရိုးထဲကို အဲ့လို မိန်းကလေးမျိုး အဝင်မခံနိုင်ဘူးသား"
ကျွန့်တော်နဲ့ မမ စကားများနေတုန်း ဘယ်ချိန်ကတည်းက ရောက်နေတဲ့ ဖေဖေက ဝင်ပြောလေသည်။ရဲရဲ "ဖေဖေ ချယ်က အဲ့လို မိန်းကလေး မျိုးမဟုတ်ဘူး။ ချယ်က ရိုးသားတယ် ဖြူစင်တယ်။"
ရဲဖေဖေ. "ဘာကွ။ မင်း အဲ့မိန်းကလေး အကြောင်း ဘယ်လောက်သိလို့လည်း သမီးလေး ကသစ် ပြောပြ ပြီးပြီး ချမ်းသာတဲ့ ယောကျာ်းတွေ ဆီက ချူစားနေတာ မသိဘူးများမှတ်နေလား"
ရဲရဲ "ဖေဖေ!!!!" ကျွန်တော် ဖေဖေကို အော်လိုက်မိတယ်။ ဟုတ်တယ်လေ ချယ်က အဲ့လို မိန်းကလေးမျိုးမှ မဟုတ်တာ။
ရဲဖေဖေ. "မင်း ငါ့ကို ဘာမှအတွန့်မတတ်နဲ့ မင်းကျောင်းပြီးတာနဲ့ သမီးလေး ကသစ်နဲ့ လက်ထပ်ရမယ် ဆိုတာ မြဲမြဲ မှတ်ထား"
ဖေဖေက ပြောပြီး ဦးလေးတို့နဲ့ အပြင် ထွက်သွားကြတယ်။ ကျွန်တော် ဘာလုပ်ရမလည်း ချယ် က အဲ့လို လူမျိုးဆိုတာ ကျွန်တော် မယုံ ဘူး ။ ကျွန်တော် ကားသော့ ဆွဲပီး ထွက်လာခဲ့တော့သည်။
YOU ARE READING
အမုန်းတွေမရှိတဲ့ မနက်ဖြန်တိုင်းမှာ အချစ်တွေနဲ့ ပြည့်နှက်စေ
Romanceအားပေးကြပါအုံးနော်