"ဆရာ လူတစ်ယောက်က ဆရာနဲ့ တွေ့ချင်လို့ပါတဲ့..."
"ဘယ်သူလဲ..."
"Han WooJin လို့ပြောပါတယ်.."
"Han WooJin...Wo.မြန်မြန်သူ့ကို.ဝင်လာခိုင်းလိုက်..."
"Nae..."
"WooJin yrrr..."
"JongIn..."
"Woojin မင်းက ဘယ်လိုလုပ်ပြီးဒီကို ရောက်လာတာလဲ..
ပြောတော့ New York မှာပဲဆို...""ဒီကိုမရည်ရွယ်ပဲလာမိတာကွ..နောက် ၂ ရက်နေရင် ပြန်တော့မှာ."
"ဟင်..မင်းဟာကလည်း ဗြုန်းစားကြီးရောက်လာပြီး
တန်းပြန်တာပဲ...""အေးကွ..ငါဟိုမှာ လုပ်ငန်းတွေရှိသေးတယ်လို့.."
"အေးပါကွာ..ဒီညနေတော့ အားတယ်မလား..
မင်းရောက်လာတူန်းလေး တစ်နေရာရာကို သွားကြမယ်..
ငါဒကာခံမယ်ကွာ..'"Ok တာပေါ့ကွာ..ဒါနဲ့..မင်းသတင်းတွေက ပလူပျံနေတာပဲနော်..
အသက်ငယ်ငယ်လေးနဲ့ အောင်မြင်တာရော..ချမ်းသာတာရော
ချောမောတာရော ပြီးတော့.လူပျိုကြီးဖြစ်နေတာရော...""Ha ha ဒီလိုပဲပြောကြတာပါပဲကွာ..."
"ပြောကြတာပဲ လုပ်မနေနဲ့...သူတို့ပြောတာ အကုန်အမှန်တွေပဲ
...ဒါပေမယ့်..တစ်ခုတော့
ငါမယုံဘူး...""ဟဟ မင်းက ဘာကိုမယုံတာလဲ.."
"မင်းက လူပျိုကြီးဆိုတာကိုလေ...မယုံဘူး...မင်းမှာ ရည်းစားတို့
ဘာတို့ ရှုပ်ရှုပ်ရှပ်ရှပ်တွေ မရှိရင်တောင် ချစ်ရတဲ့သူတော့ ရှိရမယ်..."WooJin ရဲ့ စကားကြောင့် JongIn ရယ်မောနေရာမှ
ရပ်သွားပြီး KyungSoo မျက်နှာကို သွားမြင်မိသည်၊"ဟော..တွေ့လား..မျက်နှာ အမူအရာက ချက်ချင်းကိုပြောင်းသွားတာ..ငါပြောတာ မှန်တယ်မလား..မင်းမှာ ချစ်ရတဲ့သူရှိတယ်ဆိုတာ"
JongIn ဘာမှ ဆက်မပြောပဲ ခေါင်းကိုသာညိမ့်ပြလိုက်သည်။
YOU ARE READING
P.A.I.N [Z×U]
Fanfictionကျွန်တော်ဟာ နာကျင်မှုနဲ့ ပျော်မွေ့နေသူတစ်ယောက် ကျွန်တော်ဟာ သူ့အပြုံးမြင်တာနဲ့ နာကျင်မှုတောင် အပျော်အဖြစ်ကူးပြောင်းတတ်သူ Diika##### Boy ~ Boy