သူ မိုးရေထဲမှာ ပြေးနေတယ်
ဆက်ပြေးနေတယ် မနားတမ်းပြေးနေတယ်ရုတ်တရက် သူ့ခြေထောက်တွေ ရပ်တန့်သွားခဲ့သည်
ကြိုးစားပြီးပြေးတယ် ပြေးလို့မရ
တစ်ယောက်ယောက်က ဆွဲထားသလို
ထိုနေရာမှ မရွေ့တော့ပေအသံ တစ်သံက သူနဲ့ နီးသထက် နီးလာတယ်
သေချာနားထောင်ကြည့်လိုက်တော့ ရီသံတစ်ယောက်ယောက်က လှောင်နေသလို ခနဲ့သလိုမျိုး
ရီတဲ့အသံသူမကြားချင်ဘူး
တော်ကြပါတော့ ငါ အဲ့အသံတွေ မကြားချင်ဘူး
ဟင့်အင်း မကြားရဲဘူး ငါမပြောနိုင်တော့လို့
အဲ့လို အသံကြားတိုင်း ငါဟာ အ အ တစ်ယောက်ဖြစ်နေတယ်ဆိုတာကို သတိထားမိလို့သွားကြပါ ဝေးဝေးသွားကြပါ.. အား..............
"ဒီမှာ ဒီမှာ ခင်ဗျ ဘာဖြစ်နေတာလဲ"
သူ့ကို အတင်းကိုင်ကာ လှုပ်နှိုးနေသော လူတစ်ယောက်ကြောင့်
Kyungsoo နိုးလာခဲ့သည်ဘေးနားကို သေချာကြည့်လိုက်တော့ သူ
ူအခန်းတစ်ခန်း ထဲ ရောက်နေတာပင်ဘေးနားက လူ ကရော ဘယ်လို လုပ်ရောက်နေတာလဲ
သူ့လက်မှာရော ဆေးပိုက်တွေနဲ့ဘာတွေဖြစ်ကုန်တာလဲ
"ဟို မင်း မူးလဲ နေတာ တွေ့လို့ ဆေးရုံကို ခေါ်လာခဲ့တာ
ဒါနဲ့ သက်သာရဲ့လား ခုနက အိမ်မက်ဆိုးမက်နေတာထင်တယ် ချွေးတွေရွှဲပြီး ရုန်းနေလို့ အဲ့ဒါကြောင့် နှိုးလိုက်တာ"ထို လူစိမ်း၏ စကားကို Kyungsoo နားထောင်လိုက်သည်
ပြီးတော့ ထို လူ ကို သေချာကြည့်ကာ လက်က ဆေးပိုက်ကို ဖြုတ်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်
"ဒီမှာ မင်းက နေကောင်းသေးတာ မဟုတ်ဘူး ဒီတိုငိးမသွားရဘူးလေ"
ထိုလူ ဆွဲထားသော သူ့လက်ကို ဖြူတ်ချလိုက်သည်
Kyungsoo လည်း အားနာပါသည်
သူ့ကို ကူညီထားတဲ့ လူကို ကျေးဇုးတင်စကားပြောချင်ပေမယ့်
သူက စကားမပြောနိုင်တော့ ထိုနေရာမှာ
ဆက်မနေချင်တော့ပေ
YOU ARE READING
P.A.I.N [Z×U]
Fanfictionကျွန်တော်ဟာ နာကျင်မှုနဲ့ ပျော်မွေ့နေသူတစ်ယောက် ကျွန်တော်ဟာ သူ့အပြုံးမြင်တာနဲ့ နာကျင်မှုတောင် အပျော်အဖြစ်ကူးပြောင်းတတ်သူ Diika##### Boy ~ Boy