သူနဲ့မှ ချစ်တတ်ပြီ {Part-3}

1.2K 74 2
                                    

P'Tae ကျွန်တော့်ကို လာထူပြီး သူ့ဆိုင်ကယ်ပေါ်တက်ခိုင်းတယ်။ ပြီးတော့ ကျွန်တော့်ကို သူ့အိမ်ကို ခေါ်သွားတယ်။ သူ့အိမ်က နန်းတော်လိုပဲ ကြီးပြီး ခမ်းနားတယ်။ အပြင် အဆင်တွေကလည်း သပ်ရပ်တယ်။ သူ့အိမ်ရောက်တော့ Uncle Mars ဆိုတဲ့လူက ထွက်လာတယ်။
UM>> သားဒီနေ့ ပြန်လာတာနောက်ကျတယ်နော်။
Tae>> ဟုတ်တယ် Uncle Mar ဒါနဲ့ ကျွန်တော့် Junior တစ်ယောက် ဒဏ်ရာရလာလို့ ဆေးသေတ္တာလေး ယူပေးပါဦး။
UM>>Aww အေး သားခဏနော် Uncle သွားယူပေးမယ်။
Uncle Mars ဆိုတာ သူ့မိဘထက် သူ့ကို ပိုဂရုစိုက်တဲ့ တစ်ဦးတည်းသော သူ့ရဲ့ လူယုံတဲ့။
Tae>> Tee ဒီမှာ ခဏစောင့်ဦး။ အကို အအေး သွားဖျော်လိုက်ဦးမယ်။
Tee>> ရပါတယ်။ ကျွန်တော်လဲ ပြန်တော့မှာပဲ။ ဖျော်မနေပါနဲ့တော့။
P'Tae ကို ကျွန်တော်ပြောတာကို အရေးမစိုက်ဘဲ မီးဖိုချောင်လို့ ထင်ရတဲ့နေရာကို ထထွက်သွားတယ်။ ကျွန်တော်လည်း ဧည့်ခန်းထဲမှာ ချိတ်ထားတဲ့ ပုံတွေကို စပ်စုချင်တဲ့ စိတ်နဲ့ လျှောက်ကြည့်နေတယ်။ ထူးဆန်းတာက P'Tae သူ့မိဘနဲ့ ဓာတ်ပုံ ရိုက်ထားတာ မရှိဘူး။ သူ့သူငယ်ချင်းတွေ နဲ့ရိုက်ထားတဲ့ပုံပဲရှိတယ်။ ထူးခြားချက်က သူနဲ့ရိုက်တဲ့ သူ့သူငယ်ချင်းက မိန်းကလေး။ ကျွန်တော် စိတ်ပူသွားမိတယ်။ သူ့ရည်းစားလား ဆိုတဲ့ အတွေးနဲ့ P'Tae နောက်က ခေါ်နေတာတောင် ကျွန်တော့်မှာ မကြားနိုင်ဘူး။ P'Tae နောက်ကနေ ပခုံးကို လာပုတ်မှ ကျွန်တော် သတိပြန်ဝင် သွားတယ်။
Tae>> ဘာတွေ ဒီလောက်ကြည့်နေလို့ P'ခေါ်တာတောင် မကြားရတာလဲ။
Tee>> ဒီလိုပါပဲဗျာ။ ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ P' မိဘတွေ ပုံလဲ မရှိဘူးနော်။
သူကျွန်တော်ပြောတာကို ပြန်မဖြေပဲ
Tae>> လာဆေးထည့်ပေးမယ်။
Tee>> ရပါတယ် ကျွန်တော်ကိုယ့်ဘာသာကိုယ် ထည့်ပါ့မယ်P'
Tae>> မင်း အရမ်းစကားပေါတာပဲ။ P'ထည့်ပေးမယ်။ ငြိမ်ငြိမ်နေ။
ကျွန်တော်လဲပြောမရတဲ့ အဆုံး သူဆေးထည့်ပေးတာပဲ ငြိမ်ခံနေရတော့တယ်။ ကျွန်တော့်ကို ဆေးထည့်ပေးတော့ သူ့မျက်နှာကို အနီးကပ် မြင်ခွင့်လည်းရတာပေါ့။ သူက handsome ဖြစ်တယ်။ ဘယ်လိုပဲနေနေ ကျွန်တော့်အတွက် ချစ်ဖို့ကောင်းနေတယ်။ အဟိ.. ကျွန်တော်သူ့ကို ဘယ်လောက်ဆိုးဆိုး ကလေး တစ်ယောက်လိုပဲ မြင်နေမိတယ် ထင်ပါ
ရဲ့။
------------------------------------------------------------
Tae POV>>
ကျွန်တော် သူ့ကို ဆေးထည့်ပေးမလို့ ကျောင်းနဲ့ အိမ်ကလဲ နီးတော့ အိမ်ပဲ ခေါ်လာခဲ့လိုက်တယ်။ သူကတော့ ကျွန်တော့်အိမ်ကို ရောက်တော့ ကြောင်အမ်းအမ်း ပုံစံလေးနဲ့ အိမ်ကို ကြည့်နေတာ ချစ်စရာလေးဗျာ။ သူ့မျက်လုံးလေးကို ကျွန်တော် ငေးကြည့်ချင်မိတယ်။ အိမ်ထဲဝင်တော့ သူ့ကို ဧည့်ခန်းမှာ ထိုင်ခိုင်းပြီး Uncle Mars ကို ဆေးသေတ္တာယူခိုင်းလိုက်တယ်။ သူ့အတွက် အအေးသွားဖျော်ပေးမလို့ ကို သူကငြင်းသေးတယ်လေ။ ကျွန်တော် သူ့အတွက် အအေးဖျော်ပေးတယ် ဆိုကလဲ တခြားကြောင့်တော့ မဟုတ်ပါဘူး။ သူ့ကို ကျွန်တော်နဲ့ အချိန်အကြာကြီး ရှိနေစေချင်သေးလို့ပါ။ ကျွန်တော်သူ့ကို ဆေးထည့်ပေးချင်တာကလဲ သူ့မျက်နှာကို အနီးကပ် မြင်ချင်မိတာကြောင့်ပေါ့။ သူ့ကို ဘယ်လိုချစ်မိသွားမှန်းမသိဘူး။ သူ့မျက်နှာလေးက နူးညံ့နေတာပဲ ယောကျာ်းလေး မျက်နှာ အသားအရေလို့ကို ထင်ရက်စရာမရှိဘူး။ ချောမွတ်နေတယ်။ ပြောရင်းနဲ့ သူ့ကို ကိုက်စားချင်လာတယ်။ ဒါပေမဲ့ မဖြစ်သေးဘူးလေနော့်။ သူ့ကို ကျွန်တော်က တစ်ဖက်သတ်ဖြစ်နေတာလေ။ သူသိအောင်တော့ ကြိုးစားရမှာပေါ့။ သူ့မျက်နှာကိုစိုက်ကြည့်နေမိချိန် ခေါ်သံ တစ်ခုကြောင့် ကျွန်တော့် အတွေးစတွေ ပျက်သွားတယ်။ဘယ်သူလဲ ကြည့်လိုက်တော့ ကျွန်တော့ ညီမဝမ်းကွဲ Beauty
Beauty>> P'Tae
Tae>> Beauty ဘယ်လိုလုပ်ရောက်လာတာလဲ။
Beauty>> P'ကို အကူအညီတောင်းစရာရှိလို့ ခဏလောက်လာဦး။
Tae>> Tee ခဏနော် ပြန်လာခဲ့မယ်။
....................................................................................
Tee POV>>
P'Tae ကျွန်တော့်ကို ဆေးထည့်ပေးနေတုန်း အမျိုးသမီး တစ်ယောက်က P'Tae ကို ခေါ်နေတယ်။ သူက P'Tae နဲ့ ဓာတ်ပုံထဲ တွဲရိုက်ထားတဲ့ အမျိုးသမီး။
Beauty>> P'Tae
Tae>> Beauty ဘယ်လိုလုပ်ရောက်လာတာလဲ။
အဲ့အမျိုးသမီး နာမည်က Beauty တဲ့။ နာမည်နဲ့လိုက်တယ်။ တော်တော်လေးလဲ လှတယ်။ သူက P'Tae နဲ့ ဘယ်လို ပတ်သက်နေတာလဲ။ ကျွန်တော် ဘာဆက်လုပ်ရမလဲ။ ကျွန်တော် သူတို့ ဘယ်လို ပတ်သတ်နေလဲ ဆိုတာ သိချင်စိတ်တွေ တဖွားဖွားပေါ်နေတယ်။ P'Tae ရဲ့ ချစ်သူသာ ဆိုရင် ကျွန်တော် ဘာဆက်လုပ်ရမလဲ တွေးနေတုန်း
Tae>> Tee ခဏနော် ပြန်လာခဲ့မယ်။
ဆိုပြီး Beauty ခေါ်တဲ့နောက်ကို လိုက်သွားတယ်။ အဲ့အချိန်မှာ ကျွန်တော် ဘယ်လောက် စိုးရိမ်နေလဲ ဆိုတာ P'Tae မသိဘူး။ ခဏလောက်ကြာတော့ P'Tae ပြန်လာပြီ။ မျက်နှာသိပ်မကောင်းဘူး။ ကျွန်တော် ဝမ်းနည်းနေပေမဲ့ သူ့မျက်နှာ ညှိုးနေတာ တွေ့တော့ ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူပြန်လိုက်ပို့ပေးမယ်လို့ လုပ်နေတုန်း
Tae>> P' ပြန်လိုက်ပို့ပေးမယ်
Tee>> ရပါတယ် p' ဧည့်သည်လဲ ရှိနေတာကို ကျွန်တော် ကိုယ့်ဘာသာပဲ ပြန်လိုက်ပါ့မယ်။
Tae>> သူက ဧည့်သည်မဟုတ်ပါဘူး Tee ရဲ့
Beauty က ဧည့်သည် မဟုတ်ဘူးတဲ့။ အာ့ဆို အနာဂတ် သူ့ရဲ့ဂသတို့သမီးလောင်းများလား။ ကိုယ့်အတွေးနဲ့ကိုယ် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာ
Beauty>> P' ညီမလေး ပြန်တော့မယ်။ ညီမ မင်္ဂလာဆောင် ကိုလဲ လာခဲ့နော်။
Tae>> အေးပါ။ ဂရုစိုက်ပြန်နော်။ Bye Bye
ဟယ် ငါတော့ အကြီး ကြီး မှားပြီ။ မောင်နှမကို သမီးရည်းစားမှတ်နေမိတာ။ ချက်ချင်းဆိုသလို ကျွန်တော့်မျက်နှာ အပြုံးတွေ ပြန်ပေါ်လာတယ်။ ကျွန်တော် သူ့ကို ဆက်ချစ်နေလို့ ရပြီပေါ့ဆိုတဲ့ အတွေးနဲ့ သူအိမ်ပြန်လိုက်ပို့တာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပြီး သူ့ခါးလေးဖက်ပြီး ပြန်လာခဲ့လိုက်တယ်။

Tee POV>>P'Tae ကျွန်တော့်ကို ဆေးထည့်ပေးနေတုန်း အမျိုးသမီး တစ်ယောက်က P'Tae ကို ခေါ်နေတယ်။ သူက P'Tae နဲ့ ဓာတ်ပုံထဲ တွဲရိုက်ထားတဲ့ အမျိုးသမီး။ Beauty>> P'TaeTae>> Beauty ဘယ်လိုလုပ်ရောက်လာတာလဲ။အဲ့အမျိုးသမီး နာမည်က Beauty တဲ့။ နာမည်နဲ့လိုက်တယ်။ တော်တော်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Update ကို စောစောလေး လုပ်ပေးလိုက်တယ်နော်။ ပြင်စေချင်တာလေးတွေလဲ ပြောခဲ့ပေး😁😁 Part3 အဆင်ပြေတယ် Part 4 လေးလဲ ဖတ်ချင်တယ် ဆိုရင် ဒီညလောက် တင်ပေးပါ့မယ်နော်☺️☺️

သူနဲ့မှ ချစ်တတ်ခဲ့ပြီWhere stories live. Discover now