သူနဲ့မှ ချစ်တတ်ပြီ {Part-10}

812 55 5
                                    

Tee POV >>
ကျွန်တော့်ကမ္ဘာကြီး အမှောင် ကျသွားပြီး ဘာဆို ဘာမှ မသိတော့တဲ့အချိန် ကိုကိုရဲ့ ရှေ့က ထွက်သွားဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ထွက်သွားခါနီး ကျွန်တော့် လက်ကို ကိုကို လမ်းဆွဲလိုက်တယ်။ ပြီးတော့ ကိုကိုက
Tae>> Pa သဘော မတူတာ ဘာကြောင့်လဲ။ Pa တို့ ဂုဏ်သိက္ခာကျဆင်းမှာကြောက်နေတာလား။ ဒီမှာ Pa ကျွန်တော့်ကို pa တို့ ma တို့က မွေးရုံမွေး ကျွေးရုံ ကျွေးခဲ့တာ။ ကျွန်တော် တကယ် လိုအပ်တဲ့ မိဘမေတ္တာ မပေးခဲ့ဘူး။ အဲ့တာကြောင့် ကျွန်တော် ရည်းစားတွေထားခဲ့တယ်။ အဲ့ ရည်းစားတွေကလည်း ကျွန်တော့်ပိုင်ဆိုင်မှုတွေကို မက်မောလို့ ကျွန်တော့်ကို လက်ခံတွဲကြပေမဲ့ Tee ကအဲ့လို မဟုတ်ဘူး။ ကျွန်တော့်ကို အချစ်စစ်နဲ့ချစ်ခဲ့တယ်။ ဒီတော့ ကျွန်တော်က ကျွန်တော့်ကို မေတ္တာ ပေးနိုင်တဲ့သူကိုပဲရွေးချယ်ရလိမ့်မယ်။ Pa ကျွန်တော်တို့သွားပြီ။
Pa>> Tae အေး မင်းကိုငါသားအဖြစ်က စွန့်လွှတ်လိုက်မယ်ဆိုတာ မင်းသိထားပါ။
ကိုကိုကတော့ ကျွန်တော့်ကို လက်ဆွဲပြီး သူ့အိမ်ကနေ ခေါ်ထုတ်လာတယ်။ သူ့အဖေ ပြောတာလဲ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျွန်တော် အကောင်းဘက်ကတွေးရရင် ကိုကို ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ ဆိုတာ ကျွန်တော် သိခဲ့ရပြီ။ အဲ့အတွက် ဝမ်းသာတယ်။ ကိုကိုက တံတား တစ်ခုကို ရောက်တော့
Tae>> Babe ကိုတို့ လက်ထပ်ရအောင်။
Tee>> ဘာလို့ အလျင် အမြန်လက်ထပ်မှာလဲ ကိုကိုကလဲ။
Tae>> Babe ကိုဆုံးရှုံးရမှာကြောက်တယ်။ ခု ကိုကို အိမ်ပေါ်ကနေ ဆင်းလာခဲ့ပြီ။ ကိုကို့မှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူး။ Babe ကိုကို့ကို လက်ထပ်ရဲလား။
Tee>> လက်ထပ်ရဲတယ်ကိုကို။ Babe ကိုကို့ကို စချစ်ခဲ့ကတည်းက ကိုကို့ စည်းစိမ်တွေကို မက်မောလို့မှ မဟုတ်တာ။ ကိုကိုသိပါတယ်။Babe ကိုကို့ကို ဘယ်လောက်ချစ်လဲ ဆိုတာ။
Tae>> အင်း ကိုကိုသိတယ်။ ကိုကိုတို့ Relationship ကို လက်ခံတာ Babe မိဘတွေ ရှိတယ်လေ။ Babe မိဘက ကိုကို့မိဘပဲ။ အဲ့ဒီတော့ Babe မိဘကို ချက်ချင်းပြောပြီး လက်ထပ်ထားရအောင်။
Tee>> အင်းလေ ကိုကို့သဘောပဲ။
Tae>> အဲ့တာကြောင့်ကိုကို Babe ကိုချစ်တာ
ဆိုပြီး ကျွန်တော့်ကို နမ်းခဲ့တယ်။ ကျွန်တော်လဲ အနမ်းတွေ ပြန်ပေးရင်း ကိုကိုနဲ့ ကျွန်တော် အဲ့တံတားလေးပေါ်မှာပဲ အနမ်းတွေ ဖလှယ်ခဲ့ကြတယ်။
အိမ်ပြန်ရောက်သော်>>
Paa>> သားတို့ပြန်လာကြပြီလား။
Tee>> ဟုတ်ကဲ့Paa
Paa>> သားTae ရော ပါလာတာလား။
Tae>> ဟုတ်ကဲ့ Paa ပြီးတော့ ကျွန်တော် ခွင့်တောင်းစရာလေးရှိလို့ပါPaa နဲ့ Maa
Maa>> ဪ သားတို့ရယ် ပြော ဘာခွင့်တောင်းမလို့လဲ။
Tae>> ဒီလိုပါ Maa သားတို့ကို လက်ထပ်ပေးပါ။
Paa>> ဟယ် သားရယ် စောလွန်းမနေဘူးလား။
Tee>> မစောပါဘူး Paa
ဆိုပြီး ကျွန်တော်လဲ အဖြစ် အပျက် အကုန် အစင်ကို Paa နဲ့  Maa ကို ပြောပြလိုက်တယ်။
Paa>> ဟုတ်ပါပြီ သားတို့ရယ်။ Paa လက်ထပ်ပေးပါ့မယ်။ သား Tae လဲ စိတ်ဓာတ်ကျမနေနဲ့ ။ ဒီက Paa နဲ့ Maa ကလဲ သားရဲ့ မိဘတွေပါပဲ။
Maa >> ဟုတ်တယ် သားတို့ ။ Maa တို့ သဘောတူတယ်။ လာမဲ့ တနင်္လာနေ့မှာ Maa တို့ မင်္ဂလာပွဲ စီစဉ်ပေးမယ်။ ဟုတ်ပြီလား။
Tee>> တကယ်လား Paa နဲ့ Maa 
Maa>> တကယ်ပေါ့ သားရဲ့။
Tee>> အဲ့တာကြောင့် Maa ကို ချစ်ရတာ။
Tae>> Paa နဲ့ Maa ကျွန်တော့်ကို ယုံကြည်ပြီး Tee နဲ့ လက်ထပ်ဖို့ ခွင့်ပြုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
Paa>> Aww ရပါတယ်။ သားရယ်။ ဒီ အဖေနဲ့ အမေမှာလဲ သားနှစ်ယောက် ရတဲ့အတွက် ဂုဏ်ယူပါတယ်။
ဒီလိုနဲ့ စိတ်ပျက် လက်ပျက် ဖြစ်နေတဲ့ ကျွန်တော်တို့နှစ်ယောက် လဲ Paa နဲ့ Maa စကားကို ကြားတော့ တော်တော်လဲ ပျော်ရွှင်ရတယ်။ ဒီညတော့ ကျွန်တော်တို့ မိသားစုအိမ်လေးက ရယ်သံတွေနဲ့ ဖုံးလွှမ်းနေခဲ့တာပေါ့။
မနက်ရောက်တော့>>
အမြဲတမ်း အိပ်ရာထနောက်ကျတဲ့ ကျွန်တော် အစောကြီး နိုးနေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် အချစ်ရတဲ့ လူကြီးက အိမ်မှာ အိပ်တာမို့လို့လေ။ Maa ကို မနက်စာကူပြင်ပေးပြီးတော့ အပေါ်ထပ်ကို သွားဖို့ ခြေလှမ်းပြင်လိုက်တယ်။ ဘာလို့လဲ ဆိုတော့ ကိုကိုက ကျွန်တော်နဲ့တစ်ခန်းထဲတူတူအိပ်တာမို့လို့လေ။

Tee POV >>ကျွန်တော့်ကမ္ဘာကြီး အမှောင် ကျသွားပြီး ဘာဆို ဘာမှ မသိတော့တဲ့အချိန် ကိုကိုရဲ့ ရှေ့က ထွက်သွားဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ထွက်သွားခါနီး ကျွန်တော့် လက်ကို ကိုကို လမ်းဆွဲလိုက်တယ်။ ပြီးတော့ ကိုကိုကTae>> Pa သဘော မတူတာ ဘာကြော...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Update တွေမှန်မှန်တင်ပေးချင်ပေမဲ့ ဖတ်တဲ့သူနည်းတော့ Author လဲ အားလျော့နေတယ်😢 အဲ့တာကြောင့် Update တွေကို မှန်မှန် တင် မပေးဖြစ်တာပါနော်။ Update တွေကို တစ်ရက်ခြားတစ်ခါတင်ပေးပါ့မယ်။ Reader လေးတွေကိုလဲ ကျေးဇူး တင်ပါတယ်နော်။☺️

သူနဲ့မှ ချစ်တတ်ခဲ့ပြီWhere stories live. Discover now