သူနဲ့မှ ချစ်တတ်ပြီ {Part-5}

1.1K 61 14
                                    

Tee POV>>
ဒီနေ့ P'Tae နဲ့ ချစ်သူဖြစ်တာ တစ်ရက်ပြည့်တဲ့နေ့။ ကျွန်တော် ယုံတောင် မယုံနိုင်ဘူး။ သူကျွန်တော့်ကို ချစ်နေတယ်ဆိုတာကို။ ဒီနေ့ သူကျွန်တော့်ကို လာခေါ်မှာလေ။ အရင်က အိပ်ရေးကြီးတတ်တဲ့ ကျွန်တော် ဒီနေ့ အစောကြီး ထပြီးတော့ ပြင်ဆင်ပြီး သူလာအခေါ်ကို စောင့်နေမိတယ်။ ခဏကြာတော့ တီ တီ.......ဆိုတဲ့ ဟွန်းတီးသံနဲ့အတူ ကျွန်တော့် ပူပူနွေးနွေး ချစ်သူလေး P'Tae လာခေါ်ပါပြီ။
Tae>> ကိုယ်နောက်ကျနေလား Babe
Tee>> ဟင့်အင်း ခုမှ ၈နာရီပဲရှိသေးတယ်။ အတန်းက ၉နာရီလေ။
Tae>> အာ့ဆို Babe ကိုယ်နဲ့အတူမနက်စာလေး သွားစားရအောင်လေ။ ရတယ်မလား။
Tee>> အင်း ရတယ်လေ။
Tae>> ok ကိုယ်စားလို့ကောင်းတဲ့ဆိုင်ပဲ မောင်းပြီနော်။
Tee>> inn
Tae>> ရော့ Babe ဦးထုပ်
Tee>> omm သွားမယ်
စားသောက်ဆိုင် သွားတဲ့ လမ်းတစ်လျှောက်လုံး ကျွန်တော် သူ့ပခုံးလေးပေါ် ခေါင်းလေးမှီပြီး သဘာဝ ရဲ့ အလှတရားတွေကို ခံစားပြီး လိုက်လာခဲ့တယ်။
စားသောက်ဆိုင်ရောက်သော်>>>
Tae>> Babe ရောက်ပြီ။
Tee>> ဟုတ်ပြီ။ ဒီဆိုင်လားP' Tae
Tae>> အခုထိ ဒီ Pဆိုတာကြီးကို ခေါ်နေတုန်းလား။ ချစ်သူတွေတောင် ဖြစ်နေပြီပဲကို။
Tee>> ဟင် ဒါဆို ဘယ်လိုခေါ်ရမှာလဲ P'Tae
Tae>> P'လို့ တစ်လုံးပဲခေါ်လေ။ P'Tae ဆို မသိရင် သူစိမ်းတွေကျနာပဲ ချစ်သူတွေကို။
ဆိုပြီးတော့ နှုတ်ခမ်းစူပြီးပြောတာ ပါးလေးကို ညှစ်ချင်မိတယ် မလုပ်ရက်လို့။
Tee>> ရတယ်လေ။ P' ရေ သွားရအောင်
Tae>> Oh..Babe လေး အဲ့လို ခေါ်တော့ ပိုချစ်ဖို့ကောင်းတယ်။
ဆိုပြီး ပြောပြီးပြီးချင်း ကျွန်တော့်ပါးကို ရွှတ်ခနဲ နမ်းပြီး ဆိုင်ထဲ ပြေးဝင် သွားတယ်။ ကျွန်တော့်မှာ တစ်ယောက်တည်း စိတ်ဆိုးလဲ မဖြစ် ဘာလုပ်လို့ လုပ်ရမှန်းမသိတွေကို ဖြစ်ကုန်ရောပဲ။
Tae>> Babe ဘာစားမလဲ။
Tee>> ရတယ် အဆင်ပြေတာပဲ မှာပေး။ ကိုကိုမှာပေးတာစားမယ်။
ဟယ် ကျွန်တော့်ပါးစပ်က ကိုကို ဆိုပြီး ဘယ်လိုထွက်သွားမှန်းမသိဘူး ရှက်လိုက်တာ။
Tae >> အာ့ဆို ကိုကို သွားမှာလိုက်ဦးမယ်နော် Babe ခဏ။
Tee>> အင်း။
ကိုကိုမှာပေးတဲ့ အစားအသောက်တွေလဲ ရောက်ရော စားပြီးတော့ ကိုကိုက စီးကရက် သောက်မလို့ လုပ်နေတုန်း
Tee>> ကိုကို ဆေးလိပ်သောက်မလို့လား။
Tae>> အင်းလေ Babe ရဲ့ ဘာဖြစ်လို့လဲ။
Tee>> ဆေးလိပ်နံ့ Babe မခံနိုင်ဘူး။ မသောက်နဲ့။
Tae>> Ohh.. ဟုတ်သားပဲ ကိုယ့် Babe လေးက ဆရာဝန်လေးကို ဘယ်ကြိုက်မလဲ။ ကိုကိုမသောက်တော့ဘူးနော်။ Babe လေး စိတ်မဆိုးနဲ့နော်။
Tee>> ပြီးတာပဲ။
ကိုကို ကျွန်တော့်ကို လိုက်ပို့ပေးပြီးတော့ သူ့ သူငယ်ချင်းဖုန်းဆက်လိလု့ ချက်ချင်း ထွက် သွားပြီ။ ဘာအကြောင်းတွေ ရှိလဲတော့ မသိဘူး။ ကိုကိုက ကျွန်တော် မကြိုက်တာ လုပ်မဲ့ လူလဲမဟုတ်တော့ ကျွန်တော်လဲ ဘာမှ မစဉ်းစားတော့ဘဲ အတန်းပဲ သွားတက်လိုက်တော့တယ်။
---------------------------------------------------------------
Tae POV>>
ဒီနေ့ ကျွန်တော့်ရဲ့ အချစ်ဆုံး ချစ်သူလေးကို သွားခေါ်မလို့ ကျွန်တော် အစောကြီး ထပြီး ပြင်ဆင်နေရတယ်။ ပြီးတော့ သူ့ကို ဘယ်လိုခေါ်ရင်ကောင်းမလဲ ဆိုပြီး မှန်ရှေ့မှာ အိုက်တင်အမျိုးမျိုးနဲ့ ချစ်လေး ချစ်ဆုံး သဲ တွေ စုံစိနေအောင် ပြောကြည့်ပြီး နောက်ဆုံး Babe နဲ့မှ အဆင်ပြေတော့တယ်။ သူ့ကို ဘာလို့ အဲ့လို ခေါ်တာလဲ ဆိုတော့ သူက ကလေးလေး တစ်ယောက်လိုပဲ အရမ်းချစ်ဖို့ကောင်းလို့ ခေါ်ဖြစ်တာ။ အဲ့လိုပြင်နေရင်းနဲ့ ၇နာရီ ၄၅ ရှိနေပြီ။ ကျွန်တော်လဲ ဆိုင်ကယ် မြန်မြန်ယူပြီးသူ့ဆီကို အပြေးနှင်ရတော့တာပေါ့။ Babe လေးရဲ့ အိမ်ရှေ့ရောက်တော့ ကျွန်တော် ရောက်မှန်း Babe လေး သိအောင် ဟွန်းတီးလိုက်တယ်။
တီ တီ........
ခဏနေတော့ ကျွန်တော့် Babe လေး ထွက်လာပါပြီ။ ကျွန်တော် နောက်ကျနေပြီ မှတ်ပြီးတော့ သူ့ကို အသနားခံတဲ့ ရုပ်လေးနဲ့
Tae>> ကိုယ်နောက်ကျနေလား Babe
လို့မေးလိုက်တော့ သူက ပြုံးဖြီးဖြီးနဲ့
Tee>> ဟင့်အင်း ခုမှ ၈နာရီပဲရှိသေးတယ်။ အတန်းက ၉နာရီလေ။
Tae>> အာ့ဆို Babe ကိုယ်နဲ့အတူမနက်စာလေး သွားစားရအောင်လေ။ ရတယ်မလား။
Tee>> အင်း ရတယ်လေ။
Tae>> ok ကိုယ်စားလို့ကောင်းတဲ့ဆိုင်ပဲ မောင်းပြီနော်။
Tee>> inn
Tae>> ရော့ Babe ဦးထုပ်
Tee>> omm သွားမယ်
ဆိုပြီး ကျွန်တော့်ခါးလေးကို ဖတ်ပြီး ကျွန်တော့် ပခုံးလေးပေါ် ခေါင်းလေးမှီပြီး လိုက်လာလေရဲ့။ မုန့်ဆိုင်ရောက်တော့
Tae>> Babe ရောက်ပြီ။
Tee>> ဟုတ်ပြီ။ ဒီဆိုင်လားP' Tae
P'Tae တဲ့ သူခေါ်တဲ့စကားက သူစိမ်းဆန်နေသလိုဖြစ်နေတော့ ကျွန်တော်လဲ စူပုတ်ပုတ်နဲ့ ပြောလိုက်တယ်
Tae>> အခုထိ ဒီ Pဆိုတာကြီးကို ခေါ်နေတုန်းလား။ ချစ်သူတွေတောင် ဖြစ်နေပြီပဲကို။
Tee>> ဟင် ဒါဆို ဘယ်လိုခေါ်ရမှာလဲ P'Tae
Tae>> P'လို့ တစ်လုံးပဲခေါ်လေ။ P'Tae ဆို မသိရင် သူစိမ်းတွေကျနာပဲ ချစ်သူတွေကို။
Tee>> ရတယ်လေ။ P' ရေ သွားရအောင်
လို့ပြောတော့ အသံလေးက နားဝင်ချိုသွားတာပဲ
Tae>> Oh..Babe လေး အဲ့လို ခေါ်တော့ ပိုချစ်ဖို့ကောင်းတယ်။
ဆိုပြီးသူ့ပါးလေးကို အူယားလို့ နမ်းပြီး ထွက်ပြေးခဲ့တယ်။ဆိုင်ထဲရောက်တော့
Tae>> Babe ဘာစားမလဲ။
Tee>> ရတယ် အဆင်ပြေတာပဲ မှာပေး။ ကိုကိုမှာပေးတာစားမယ်။
ဟင် သူကျွန်တော့ကို ကိုကိုလို့ခေါ်လိုက်တာလား။ သူ့မျက်နှာကို ကြည့်လိုက်တော့ ရှက်လို့ နီရဲနေတာ ခရမ်းချဉ်သီးလေးလိုပဲ။ သူရှက်နေမှန်းသိလို့ ကျွန်တော် မသိချင်ယောင် ဆောင်ပြီး
Tae >> အာ့ဆို ကိုကို သွားမှာလိုက်ဦးမယ်နော် Babe ခဏ။
လို့လဲ ပြောရော သူက
Tee>> အင်း။
တဲ့ ဟဟ ချစ်စရာကောင်းချက်ဗျာ။ ကျွန်တော်တို့ စားသောက်ပြီးရော ကျွန်တော် ထုံးစံ အတိုင်းဆေးလိပ်သောက်မလို့လုပ်တာပေါ့။ အဲ့တာကို Babe လေးက မကြိုက်တော့
Tee>> ကိုကို ဆေးလိပ်သောက်မလို့လား။
လို့မေးရော ကျွန်တော်လဲ အမှန်အတိုင်း
Tae>> အင်းလေ Babe ရဲ့ ဘာဖြစ်လို့လဲ။
လို့ပြောတော့
Tee>> ဆေးလိပ်နံ့ Babe မခံနိုင်ဘူး။ မသောက်နဲ့။
တဲ့ ဟုတ်ပါ့ ကျွန်တော်မေ့သွားတယ် Babe က ဆရာဝန်ဆိုတော့ ရောဂါ ရမှာစိုးတာကြောင့်လဲနေမှာပေါ့။ Babe လေးဂစိတ်ဆိုးသွားမှာစိုးလို့ ကျွန်တော့်မှာ
Tae>> Ohh.. ဟုတ်သားပဲ ကိုယ့် Babe လေးက ဆရာဝန်လေးကို ဘယ်ကြိုက်မလဲ။ ကိုကိုမသောက်တော့ဘူးနော်။
Babe လေး စိတ်မဆိုးနဲ့နော်။
ဆိုပြီး ကျွန်တော့မှာတောင်းပန်ရတော့တာပေါ့။
Tee>> ပြီးတာပဲ။
ဆိုမှပဲ ကျွန်တော့် ရင်ထဲက အလုံးကြီးကျသွားတော့တယ်။
Babe လေးကို ကျောင်းလိုက်ပို့ပေးပြီး ပြန်ခါနီး ကျွန်တော့် ညီမ Beauty ဆီက ဖုန်းလာတယ်။ သူကျွန်တော့် အတန်းရှေ့ရောက်နေတယ်တဲ့။ကျွန်တော်လဲ တစ်ခုခု ဖြစ်နေတာလားစိတ်ပူပြီး အပြေးသွားတာ Babe လေးကို နှုတ်မဆက်လိုက်ရဘူး။ အတန်းရှေ့ရောက်မှ သိရတာက Beauty က America ကို အပြီးသွားရတော့မှာတဲ့ နှုတ်မဆက်လိုက်ရမှာစိုးလို့ လာနှုတ်ဆက်တာတဲ့။

 ဟုတ်သားပဲ ကိုယ့် Babe လေးက ဆရာဝန်လေးကို ဘယ်ကြိုက်မလဲ။ ကိုကိုမသောက်တော့ဘူးနော်။ Babe လေး စိတ်မဆိုးနဲ့နော်။ဆိုပြီး ကျွန်တော့မှာတောင်းပန်ရတော့တာပေါ့။Tee>> ပြီးတာပဲ။ဆိုမှပဲ ကျွန်တော့် ရင်ထဲက အလုံးကြီးကျသွားတော့တယ်။Babe လေးကို ကျောင်းလိုက်ပို့ပေးပြီး ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သိပ်သဘောမကျတာလေးတွေရှိရင်လဲ ပြောပေးကြပါနော်။ Author လဲ အကောင်းဆုံးကြိုးစားပါ့မယ်။☺️☺️ Update ကို တစ်နေ့ တစ်ပိုင်းနှုန်းနဲ့ မှန်မှန်တင်ပေးပါ့မယ်။ အချိန်ရရင် ရသလိုလေးလဲ တင်ပေးပါ့မယ်နော်။ အဆင် မပြေတာရှိရင်လဲ ပြောပေးကြပါနော်။😁

သူနဲ့မှ ချစ်တတ်ခဲ့ပြီWhere stories live. Discover now