Tee POV>>
ကျွန်တော် ကိုကို့ကို မနက်က နမ်းလိုက်တာ အခုထိ ရှက်နေတုန်းပဲ။ ဒါပေမဲ့ အဲ့လို နမ်းလိုက်ရတဲ့အတွက် ကိုကို့ကို ကျွန်တော် တစ်ယောက်ပဲ ပိုင်တယ် ဆိုပြီး အားလုံးကို ပြောစရာမလိုအောင် အဲ့အနမ်းက သက်သေပါပဲ။ First Kiss ပေါ့။ သူများတွေက ဘယ်လို အရာကို First kiss လို့ခေါ်မှန်း ကျွန်တော် မသိပေမဲ့ ကျွန်တော့် အတွက်တော့ ဒါက First kiss ပါ။ အတန်းပြီးတော့ ကျောင်းက ကောင်မလေးတွေ ရုတ်ရုတ်သဲသဲနဲ့ ကြည့်နေကြတာ ကျွန်တော်လဲ ဘာများလဲလို့ စိတ်ဝင်စားပြီး သူတို့ကြည့်နေတဲ့ နေရာဆီကြည့်လိုက်တော့ Engineer ဆောင်က Moon နှစ်ယောက် Kimmon နဲ့ ကျွန်တော့် အချစ်တော် ကျွန်တော့် ကိုကိုပေါ့။ အဲ့တာနဲ့ ကျွန်တော်လဲ သူတို့ရှိတဲ့ဆီကို မြန်မြန်သွားလိုက်တယ်။
Kimmon>>P'Tee Sawardi Krub
Tee>> အင်း Sawardi
Kimmon>> P'Tee P'Copter ကရော ဘာလို့မလာသေးတာလဲ။
Copter>> လာပြီ
Tee>>Kimmon က Copter ကို လာကြိုတာလား
Kimmon >> အဲ့လို ပြောလို့လဲ ရသလို ကျွန်တော်နဲ့ P'Copter က P'Tae နဲ့ P'Tee ကို လိုက်နှောင့်ယှက်မလို့ဆိုလဲ မှန်တယ်။
Tee>> ဘယ်လို
Tae>> ဟုတ်တယ် Babe ရဲ့ သူတို့က ကိုယ်တို့ ရုပ်ရှင်သွားကြည့်မှာကို လိုက်ချင်တယ် ဆိုပြီး အတင်းလုပ်လို့ ကိုကိုလဲ ဘာမှ မတတ်နိုင်ဘူး။
Tee>> ကိုကိုကလဲ Babe ကို ကြို ပြောမှပေါ့။
Tae>> Babe ကိုကို့ကို စိတ်ဆိုးသွားလား။
Tee>>ကိုကို့ကို မဆိုးပါဘူး။ ဟို ငရှုပ်နှစ်ကောင်ကို ဆိုးတာ။
ကျွန်တော် Kimcop အတွဲကို တကယ် စိတ်ဆိုးမိတယ်။ ကျွန်တော် ကိုကိုနဲ့ နှစ်ယောက်တည်း တူတူ ရုပ်ရှင်ကြည့်ချင်လို့ပြောထားတာကို လိုက်လာတယ်။ ကိုကို့ကို ကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့။ ဟိုနှစ်ယောက်ကတော့ မျက်နှာက တော်တော့်ကို ပြောင်တာ။
Tee>> ကဲလေ ဘယ်တတ်နိုင်ပါ့မလဲ သွားမယ်ကိုကို
Tae>> အင်း Babe
Kimcop>>ရေးးးးး
At the Cinema
Tae>> Babe ဘာကားကြည့်ချင်လဲ။
Tee>> ကိုကိုကြည့်ချင်တာရွေးပါ။
Copter>>ကဲ Tee ရေ ငါကတော့ နှောင့်ယှက်လို့ မရတော့ဘူး။ နိုင်ငံခြားက အမ ပြန်ရောက်နေလို့တဲ့ ။ လစ်ပြီ ။ Bye bye
Kimmon>>ကျွန်တော်လဲလိုက်မယ် P'
ဘုရားမလိုက်သလိုပဲ ကျွန်တော့်မှာ ပျော်လိုက်ရတာ။
Tae>> Babe ကိုတို့နှစ်ယောက်တည်း ကျန်တော့တယ်။ ဘာကားကြည့်မှာလဲ။ ကြည့်ချင်တဲ့ ကားရွေးထားလေ။ ကို Pessi နဲ့ ပေါက်ပေါက် သွားဝယ်လိုက်ဦးမယ်။
Tee>> Omm ကိုကို
ကိုကိုက ကြည့်ချင်တဲ့ကားရွေးဆိုလို့ ကျွန်တော် Annebella 2 ကို ရွေးလိုက်တယ်။ ကျွန်တော်က သရဲကားတွေ ကြိုက်တယ်လေ။ အဲ့တာကြောင့် ရွေးလိုက်တယ်။ ကိုကိုပြန်လာတော့ ကျွန်တော်တို့ ရုပ်ရှင်ရုံထဲ ဝင်သွားပြီး ထိုင်ခုံမှာထိုင်နေလိုက်တယ်။ ခဏနေတော့ ရုပ်ရှင်စပါပြီ။
Tae>> Babe ဘာကားလဲ
Tee>> Annebella 2 လေ Babe အရမ်းကြည့်ချင်လို့ရွေးလိုက်တာ
Tae>>aww
Tee>>ကိုကိုရော ကြိုက်လား သရဲကား
Tae>> ကြိုက်တာပေါ့ Babe ကလဲ ပြောတတ်ပါ့။
Tee>> အာ့ဆိုလဲ ကြည့်မယ်
ကျွန်တော်တို့ ကြည့်နေတာရုပ်ရှင် တစ်ဝက်ကျိုးနေပြီ။ ကိုကို့ကိုကြည့်တော့ မျက်နှာမှာလဲ ချွေးတွေရွှဲလို့။ အဲ့တာနဲ့
Tee>> ကိုကို ဘာဖြစ်နေတာလဲ ချွေးတွေရွှဲနေတာပဲ။
Tae>> aww ဘာမှ မဖြစ်ပါဘူး Babe ကလဲ။ ဒီနားက နဲနဲပူလို့ပါ။
ကျွန်တော်ပြုံးလိုက်ပြီး ရုပ်ရှင်ဆက်ကြည့်နေတယ်။ ရုပ်ရှင် ပြီးလို့ ပြန်တော့ ကိုကို က မတ်တပ်တောင် မရပ်နိုင်တော့ဘူး။
Tee>> ကိုကိုဘာဖြစ်နေတာလဲ။
Tae>> ကိုကို ထိုင်တာ များသွားလို့ပါ။
Tee>> Aww ပြန်မယ်လေ ။
Tae>> ပြန်တာပေါ့။
ကိုကိုက ကျွန်တော့်လို လိုက်ပို့ပေးပြီး သူ့အိမ်ကို ပြန်သွားတယ်။
--------------------------------------------------------------
Tae POV>>
ဒီနေ့ ကျွန်တော်နဲ့ Babe ရုပ်ရှင်ကြည့်ဖို့ပြောထားတယ်။ Kimmon ကလဲ လိုက်မယ်တဲ့။ မလိုက်နဲ့ ပြောလဲ မရမက လိုက်မှာကို သိလို့ လိုက်ခဲ့လို့ပဲ ပြောလိုက်တယ်။ ညနေ Babe ကို အတန်းပြီးလောက်တဲ့ အချိန် ကျွန်တော် Babe ကိုသွားစောင့်နေတယ်။ အဲ့အချိန်မှာ ကျောင်းဝရံတာကနေလှမ်းကြည့်နေတဲ့ လူတစ်ယောက်။ ဘယ်သူလဲဆိုတော့ ကျွန်တော့် Babe ။ ကျွန်တော့ကိုလဲ မြင်ရော အပြေးလာတယ်။ ရုပ်ရှင်သွားကြည့်မှာ Kimcop အတွဲရော လိုက်မယ်ဆိုလို့ Babe ဒေါသတွေ ထွက်နေတယ်။ ဒါပေမဲ့ ကျွန်တော် ဝင်မပြောရဲဘူး။ သူတို့ပြဿနာ သူတို့ရှင်းနေကြတယ်။ နောက်ဆုံး ငြိမ်းချမ်းမှုရတော့ နှစ်ယောက်လုံး လိုက်လာဖို့ Babe က သဘောတူလိုက်တယ်။ ရုပ်ရှင်ရုံရောက်တော့ Copter က သူ့အမပြန်လာလို့ဆိုပြီး အိမ်ပြန်သွားတာ Kimmon ပါလိုက်သွားတယ်။ ကျွန်တော် အပျော်ကြီးပျော်သွားတယ်။ Babe နဲ့ Ro ချက်လို့ ရုပ်ရှင်လာကြည့်တာလေ။ သူတို့ပြန်သွားတော့ ပိုပြီး perfect ဖြစ်သွားတယ်။ အဲ့တာနဲ့ Babe ကို ရွေးခိုင်းပြီး ကျွန်တော်က Pessi နဲ့ ပေါက်ပေါက် သွားဝယ်နေလိုက်တယ်။ ပြန်လာတော့ ရုပ်ရှင်ရုံထဲဝင်သွားလိုက်ပြီး နေရာမှာ အေးဆေးထိုင်နေလိုက်တယ်။ရုပ်ရှင်စတော့ကျွန်တော်က မေးလိုက်တယ်။
Tae>> Babe ဘာကားလဲ
Tee>> Annebella 2 လေ Babe အရမ်းကြည့်ချင်လို့ရွေးလိုက်တာ
ကိုယ်တော်ချောက လုပ်ချလိုက်ပြီ ကျွန်တော်က Ro မလို့ကို သူက သရဲကားဆိုတော့ ကျွန်တော့်မှာသေချင်စော်တောင်နံသွားတယ်။ ကျွန်တော် ကျန်တာ မကြောက်ဘူး။ သရဲတော့ အသေကြောက်တာ။ ကျွန်တော်လဲ ရုံထဲရောက်မှတော့ မတတ်နိုင်တော့ဘူးလေ။
Tae>>aww
Tee>>ကိုကိုရော ကြိုက်လား သရဲကား
ဘယ်လိုပြောရမှန်းကိုမသိတာ။ သရဲကြောက်တယ် ဆိုလဲ အထင်သေးမဆိုးလို့
Tae>> ကြိုက်တာပေါ့ Babe ကလဲ ပြောတတ်ပါ့။
Tee>> အာ့ဆိုလဲ ကြည့်မယ်
ကျွန်တော်တို့ ကြည့်နေတာရုပ်ရှင် တစ်ဝက်ကျိုးနေပြီ။ ကျွန်တော့်မှာ ကြောက်ပေမဲ့ မအော်ရဲ။ ချွေးစီးတွေလဲပျံနေပြီ။ ဘေးက ဂြိုလ်သားလေးကတော့အေးဆေးကြည့်နေလေရဲ့။ အဲ့အချိန်မှာ
Tee>> ကိုကို ဘာဖြစ်နေတာလဲ ချွေးတွေရွှဲနေတာပဲ။
Tae>> aww ဘာမှ မဖြစ်ပါဘူး Babe ကလဲ။ ဒီနားက နဲနဲပူလို့ပါ။
ဘယ်တတ်နိုင်မလဲ ကျွန်တော်လဲ ရွှီးရတာပေါ့။ ကြည့်ရင်နဲ့ ကြောက်လာတော့ ဒူးတောင် မခိုင်တော့ဘူး။ ဒုက္ခရောက်ပြီလေ။ ဇာတ်ကားပြီးတော့ ကိုယ်တော်ချောလေးက
Tee>> ကိုကိုဘာဖြစ်နေတာလဲ။
Tae>> ကိုကို ထိုင်တာ များသွားလို့ပါ။
Tee>> Aww ပြန်မယ်လေ ။
Tae>> ပြန်တာပေါ့။
လို့ကျွန်တော့်မှာ ပြောပြီးပြီးချင်း မထနိုင်ဘူး။ ဒူးမခိုင်လို့။ ခဏလောက်ကြာမှ ထပြီး လိုက်သွားနိုင်တယ်။ ပြီးတော့ သူလေးကို အိမ်ပြန်ပို့ပြီး တစ်ချိုးတည်း ကျွန်တော်လဲ လစ်လာရတာပေါ့။Update ကို အားရင် အားသလို အချိန်လုပြီး တင်ပေးပါ့မယ်နော်😁😁Reader လေးတွေကိုလဲ ကျေးဇူးအရမ်းတင်ပါတယ်။ Vote လေးတွေလဲ ပေးပေးကြနော်။ ☺️☺️
YOU ARE READING
သူနဲ့မှ ချစ်တတ်ခဲ့ပြီ
Lãng mạnTae က သူ့ မိဘတွေကို ချစ်သလောက် သူ့မိဘတွေ ဆီကနေ လိုချင်တဲ့ မေတ္တာတရားပြန်မရတော့ ဆိုးသွမ်းနေပြီး Tee နဲ့တွေ့တဲ့အချိန်မှာ သူလိုချင်တဲ့ မေတ္တာတရားတွေ ချစ်ခြင်း မေတ္တာတွေ ရခဲ့တဲ့ အကြောင်းအရာလေးပါ☺️