Ko Ko Jong...
"သား..သားက ကိုကိုဂျုံကို ဘာ.ဘာလုပ်လို့လဲ?"
"အယ်..မမှတ်မိတော့ဖူးလား လူဆိုးလေး ok မမှတ်မိရင် ပြန်ပြောမယ် ဟုတ်ပြီလား"
*ပြန်ပြောပြမယ်... ရှက်စရာကြီးကို အားးးး ရှက်လိုက်တာ*
အတွေးသာတွေးနေတာ လက်တွေ့မှာတော့ ကျောက်ရုပ်အတိုင်းဘဲ လှုပ်တောင်မလှုပ်မိဖူးလားမသိဖူး၊ ကုတင်ပေါ်က ဆင်းသွားပြီး တစ်ခုခုသွားယူလာတဲ့ ကိုကိုဂျုံလက်ထဲမှာ ဖုန်းလေး၊
ဖုန်းနဲ့ videoများ.....
မဖြစ်နိုင်တာ ကိုကိုဂျုံက အဲ့လိုမလုပ်လောက်ပါဖူး ဟုတ်တယ် မလုပ်လောက်ပါဖူး....
နေပါဦး
ဒီဖုန်းက.. အားးးး မှတ်မိပြီ ကိုကိုဂျုံ တစ်ကျောင်းလုံးမှာ ပထမရတုန်းက ကိုကိုဂျုံ့appa ဆုချထားတဲ့ဖုန်း အဲ့ဖုန်းက အခုထိရှိသေးတာလား? အထိန်းအသိမ်းတော်လိုက်တာ ၊"လူဆိုးလေး ကိုကိုဂျုံကို လက်ထပ်မှာလား?"
ဟင် ဒီအသံ.... ကိုကိုဂျုံအသံ
"ဟုတ် ကိုကိုဂျုံ ပြန်လာရင် လက်ထပ်ပါ့မယ်"
"သေချာတယ်နော် လူဆိုးလေး"
"ဟုတ် သေချာတယ် ကိုကိုဂျုံ --သားက ကိုကိုဂျုံကိုဘဲ လက်ထပ်မှာ "
*အဲ့.အဲ့တာက ကျွန်တော် 8နှစ်သားတုန်းက ကိုကိုဂျုံ နိုင်ငံခြားမထွက်ခင်တုန်းက ပြောခဲ့တာမလား? *
ငယ်ငယ်တုန်းကမို့လို့ မမှတ်မိတော့ပေမယ့် အိမ်က omma ပြောပြဖူးတာရယ်.. Minseok's omma အင်းးးနောက်တစ်မျိုး တော်စပ်ပုံအရဆို မတော်ရသေးတဲ့ ယောက္ခမကြီးက ရယ်ရယ်မောမောနဲ့ အမြဲတမ်းစကားထဲ ထည့်ပြောနေကြမို့လို့ နားယဉ်နေတဲ့အကြောင်းအရာ ၊
ကိုကိုဂျုံ လူလည်ကျပြီး recordingယူထားလိမ့်မယ်လို့ကို မထင်ခဲ့တာ ၊ ဒီအတိုင်း ကိုယ့်ဘက်က ပြီးပြီရော ပေးလိုက်တဲ့ကတိတစ်ခုသာ ၊ ဟိုအကောင်တွေသာ သိရင်.... အဟင့် သွားပါပြီ၊ ဖွင့်ထားတဲ့ recording ကို ပြန်ပိတ်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်ပြတဲ့ ကိုကိုဂျုံ ...
"ဘယ်လိုလဲ လူဆိုးလေး ကတိကိုတော့ မမေ့သင့်ဖူးလေနော် "
"ဟိုလေ.... "