Ko Ko Jong...
ပျောက်နေတယ်... ပျောက်နေတယ်... ကိုကိုဂျုံကြီး.... ပျောက်နေတယ် ၊ ဟိုရက်က လူကို အစားအသောက်နဲ့ မြူစွယ်ပြီး တနင့်တပိုးကျွေးပြီးတည်းက ပျောက်နေတယ်၊
သူ့အိမ်ကိုလဲ ကိုယ်က မသွားချင် ၊ တော်ကြာ သူ့လာချောင်းနေတယ် ထင်နေဦးမယ်၊"Minseokkie.... ကိုကိုဂျုံကို အခုတလောမတွေ့ဖူးနော်.."
ကိုယ်မေးတဲ့စကားကို အဖတ်မလုပ်စွာ သူ့ပေါက်စီကိုဘဲ ဟိုကကြည့်လိုက်...ဒီဘက်ကနေ စောင်းကြည့်လိုက် မှောက်ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ Minseok....
"ဟာကွာ....တောက်..နိုင်ရမှာကို"
ဂိမ်းဆော့လို့မနိုင်ရင် ကျယ်လောင်စွာ ထွက်ပေါ်လာနေကျ Baekhyungရဲ့ အသံပြဲ..
ခေါင်းကို Xing hyungပေါင်ပေါ်တင်....
.ခြေထောက်ကို ခြေဆင်းထိုင်နေတဲ့ ပေါက်စီကိုယ်တော် Minseokပေါ်တင်ထားပြီး ပိုးစိုးပက်စက် ရိုနေတဲ့
Kim Junmyeon...စိတ်ပေါက်ပေါက်နဲ့ ကောက်ရိုက်လိုက်ရ...."ဖြေဦးလေကွာ မေးနေတာကို "
စူဆောင့်ပြီး မေးတော့မှဘဲ လူကို အဖတ်လုပ်ဖော်ရတဲ့ဟာလေးတွေ....
ကုန်းကိုက်ချင်လိုက်တာနော်..."hyungကိုမေးတာလား?? ဟို hyungကလေ မအားဖူး Kyung"
"နေစမ်းပါဦး ၊မအားရအောင် သူ့အလုပ်က အဲ့လောက်တောင် များနေလို့လား? ဟမ်...ဟိုရက်ကတော့ ငါမှမယူရင် သေမလိုရှင်မလို ဆန့်တငင်ငင်နဲ့ ဖြစ်နေတာ ဘယ်က အဖိုးကြီးလဲ? "
"မဟုတ်ပါဖူးကွာ ၊ အလုပ်က အားပါတယ် ၊ မအားတာက...ဟိုဟာ"
"ဟမ်...ရှင်းရှင်းပြောစမ်း..ဘယ်ဟာက မအားတာလဲ?"
ခြေကုတ်ခေါင်းကုတ်နဲ့ ဖြေရခက်နေတဲ့ပုံ..
.ရှိကိုရှိရမယ်..ဒီလူကြီး ကိုယ်မသိအောင် လုပ်ထားတာ..သိလို့ကတော့ အရှင်မထားဖူး.."ဟို...ဟိုတနေ့က hyungကို လာ...လာတောင်းကြတယ်၊ "
"ဘာကိုလာတောင်းတာလဲ?? အကြွေး! မဖြစ်ဖူးနော်... အကြွေးရှိရင် လုံးဝမယူနိုင်ဖူး ဟွန့်..."
"မဟုတ်ဖူး...အကြွေးမဟုတ်ဖူး...ဟို..hyungနဲ့
ကျောင်းတူတူတတ်ခဲ့တဲ့ Krystal nonnaက hyungကို အိမ်မှာလာ..လာတောင်းတာ..."