Ko Ko Jong....
"ကိုကို့ ကို ထားမသွားပါနဲ့ ကလေးရယ် ကိုကို တောင်းပန်ပါတယ်နော် "
"တော်ပါတော့ ဆက်မပြောနဲ့တော့ ဘယ်လိုမှ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဖူး ကျွန်တော်
ကလေးမဟုတ်တော့ဖူး ပြီးတော့ ကိုကိုဂျုံ ထားသလိုလည်း မနေနိုင်တော့ဖူး"ခခယယတောင်းပန်တာတောင် လှည့်မကြည့်တော့တဲ့ ကလေးက ကိုယ့်ကို အဲ့လောက်ထိ ခါးသီးသွားမယ်လို့ မထင်ထားခဲ့ဖူး ၊ ကောင်းစေချင်လို့ ချုပ်ချယ်တာ လှောင်အိမ်ထဲ တံခါးပိတ်သွင်းလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ မတွေးခဲ့မိတာ အမှန် ။
ဘယ်လိုလုပ်သင့်လဲ ?
ကလေးငယ် စိတ်ချမ်းသာဖို့အတွက် သူဘာလုပ်ပေးသင့်လဲ ?"ကလေးငယ် သဘောပါ "
ဆွဲထားတဲ့လက်ကို ဖြုတ်ပြီး လှည့်ထွက်မလိုလုပ်နေတဲ့ ကိုကိုဂျုံကြောင့် လူကတော်တော့်ကို စိတ်ညစ်သွားရသည် တကယ်ပါဘဲ လိုက်ချော့ရမှာလေ 'မသွားပါနဲ့ကလေးငယ်ရယ်' ဆိုပြီး လိုက်ချော့ရမှာကို နားမလည်ဖူးလား ဒီလူကြီး။
"ကိုကိုဂျုံ "
ဘောက်ဆတ်ဆတ်အော်သံလေးထွက်လာတဲ့
ကလေးငယ်ကြောင့် ဘယ်နေရာမှားသွားပြီလဲ အလျင်အမြန်စဉ်းစားရတော့သည် ၊ သူလိုချင်တာ
ဒီပုံစံမဟုတ်ဖူးလား ။" ဈာန်ဝင်ပါပြီဆိုမှ မသွားပါနဲ့ဆိုပြီး ဒူးထောက်တောင်းပန်ရမှာလေ
dramaတွေ မကြည့်ဖူးဘူးလား ဟမ်
တကယ်ပါဘဲဗျာ"ကိုယ့်အတွက်တော့ အလုပ်ရယ်အိမ်ရယ် ကလေးရယ်ကလွဲရင် ကျန်တာတွေအတွက် အချိန်မပေးဖြစ် အချိန်မပေးနိုင်တာ တော်တော်ကြာခဲ့ပြီ၊
ရုပ်ရှင်ရုံဆိုတာလည်း ဖြတ်သာလျှောက်သွားရော
မရောက်တာတောင် ကြာပေါ့"ကိုကိုဂျုံမှ ဇာတ်လမ်းတွဲတွေ ကြည့်ဖို့အခိျန်မှ မရှိတာ ကလေးငယ်ရဲ့"