Ko Ko Jong 💕 5

617 61 2
                                    

Ko Ko Jong...

"လက်ထဲက ဘာတွေလဲ? ကိုကိုဂျုံ "

စာကြည့်စားပွဲရဲ့ အံဆွဲထဲကနေ သိမ်းလိုက်တဲ့ Love lettersတွေကို မြင်သွားတဲ့ပုံ ၊ မြင်လေ.. မြင်တော့လဲ ဘာဖြစ်လဲ? ခပ်တည်တည်ဘဲ ပြန်ဖြေခဲ့လိုက်တယ်....

*မင်္ဂလာဆောင်ရင် ဖိတ်မဲ့လူစာရင်း* ဆိုပြီး ၊

လူဆိုးလေးကတော့ မျက်လုံးလေး အပြူးသား ပါးစပ်လေး အဟောင်းသားနဲ့ အခန်းထဲက မြောက်ကြွမြောက်ကြွ ထွက်သွားတဲ့ ကိုယ့်ကို ကြည့်နေလေရဲ့......Ahak.. ချစ်စရာလေး

လူဆိုးလေးအိမ်ကနေ ကိုယ့်အိမ်ဘက်ကို ငယ်ငယ်တုန်းက လူဆိုးလေး ချောင်းပေါက်မတတ် ဝင်ထွက်နေကျ ခြံစည်းရိုးအပေါက်ကနေဘဲ ဝင်လိုက်တော့တယ် ၊
ကားကိုတော့ လူဆိုးလေးအိမ်မှာဘဲ ထားခဲ့လိုက်တော့သည်၊

အခန်းထဲရောက်တာနဲ့ Love Lettersတွေကို ဖွင့်ကြည့်လိုက်တော့ .....အားပါးပါးး
ဂျူနီယာတွေရော စီနီယာတွေရော ပေးထားတာများ.. စုံနေတာဘဲ ၊
ထင်တောင်မထင်ထားခဲ့ဖူး၊ လူဆိုးလေး အဲ့လောက်စွံလိမ့်မယ်လို့.... ရည်းစားထားတာ သိပေမယ့်လဲ မသိချင်ယောင်ဘဲဆောင်နေခဲ့တာ..

Minseokkie လေး ပြောပြထားလို့ ဒီလူဆိုးလေးအကြောင်း အကုန်သိရသည် ၊ အတန်းထဲမှာ ဘာလုပ်တာ? ဘယ်သူနဲ့တွဲနေတာ?
နောက်ဆုံး ဘယ်အချိန်အိပ်လဲဆိုတာကအစ...
အကုန်ရအောင် စုံစမ်းထားခဲ့တာ....

ကိုယ်ထွက်သွားတဲ့အချိန်က စပြီး ပြန်လာတဲ့အချိန်ထိ ဘာလို့မဆက်သွယ်ခဲ့တာလဲ ဆိုတော့ အဖြေက တစ်ခုထဲရယ်
* ပြန်လာမိမှာစိုးလို့*.....

***

"မယူဖူးနော် လုံးဝမယူနိုင်ဖူး သားအခုမှ ကျောင်းတောင် ပြီးသေးတာ မဟုတ်ဖူး၊ လုံးဝမယူဖူး"

"အဲ့လိုမလုပ်ပါနဲ့ သားရယ် appaတို့ ကတိပေးထားတာ ရှိတယ်လေ သားကိုယ်တိုင်ကလဲ သား ကိုကိုဂျုံကို လက်ထပ်ပါ့မယ်လို့ ပြောထားတာဘဲ မဟုတ်လား"

"ဟာ.... အဲ့တုန်းက ဒီလိုဘဲ ပြောလိုက်တာလေ ၊
တကယ်ကြီး လက်ထပ်ရမယ်လို့မှ မထင်ခဲ့တာ
မသိဖူးနော်၊ မယူဖူးဆို လုံးဝမယူဖူး... appaတို့လဲ
ကိုကိုဂျုံအကြောင်း သိရဲ့သားနဲ့ ... ငယ်ငယ်တုန်းကတောင် ခဏခဏ ဆူနေတာ ၊ အခုလိုသာ လက်ထပ်ကြည့်လိုက်ပါလား?
သားကို ရိုက်ပါရိုက်မှာပေါ့၊ မယူဖူးနော် appa... နော်"

Ko Ko jong 💕Where stories live. Discover now