part 2.1 အခွင့်အရေးတစ်ခု

1K 140 47
                                    

Zawgyi

"JuJuလေးဘာတွေတွေးနေတာလဲ? ရုတ်တရက်စိတ်ဓာတ်ကျသွားတဲ့ပုံပေါက်နေတယ်။" Jujuရဲ့ကျောကိုပုတ်ပေးရင်းနဲ့ ဦးဦးကမေးလိုက်တယ်။

"Jujuကိုဘယ်သူမှသဘောမကျတဲ့အကြောင်းတွေးမိသွားလို့ပါ"

"ဘယ်သူတွေကJujuကိုသဘောမကျဘူးပြောလို့လဲ" ဦးဦးရဲ့မျက်ဝန်းထဲကနေလူသတ်ချင်တဲ့အငွေ့အသက်တွေကိုဖြတ်ခနဲတွေ့လိုက်ရတယ်။ Jujuစိတ်ထင်တာဖြစ်မှာပါလေ။

"Jujuဒီလိုပြောတာက Jujuကိုချစ်ရေးဆိုတဲ့သူတစ်ယောက်မှမရှိတာကြောင့်ပါ. Jujuက မအောင်မြင်တဲ့မိန်းကလေးတစ်ယောက်ပဲ" Jujuပြောရင်းနဲ့အော်ငို မိသွားတယ်။ Jujuကိုယ့်ကိုကိုယ်ရုပ်ဆိုးတယ်လို့မထင်ပါဘူး။ တခါတလေဆို လှတယ်လို့တောင်တွေးမိသေးတယ်။

Jujuရဲ့အတွေးတွေရှုပ်ယှက်ခတ်နေပြီး တစ်ခုပြီးတစ်ခုလျှောက်တွေးနေမိတယ်။ Jujuရဲ့ အာရုံစိုက်မှုက ရွှေငါးတွေရဲ့ သက်တမ်းလိုပဲ။(စိတ်အပြောင်းအလဲမြန်သူ ကျင်းလိန်ပေါ်မှအပ)

"Jujuလေးကိုကြိုက်ဝံ့တဲ့သူမရှိတာ Jujuလေးရုပ်ဆိုးလို့မဟုတ်ပါဘူး။ Jujuလေးရဲ့ မိသားစုတွေက ကာကွယ် ထိန်းသိမ်းလွန်းနေလို့ပါ။" ဦးဦးရဲ့ စကားတွေထဲမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေပါနေသလိုလိုပဲ။ ဒါပေမယ့် Jujuသေချာတောင်မတွေးလိုက်ရသေးဘူး သူက ဆက်ပြောတယ်"ကျင်းလိန်ကရင်းနှီးဖ်ု့ခက်တဲ့သူတစ်ယောက်ပဲ။ ကျင်းလိန်က တစ်ကိုယ်တည်းသမား ဒါ့အပြင် သူ့ရဲ့ နတ်တန်ခိုးအစွမ်းတွေက ဦးဦးနဲ့ယှဉ်လို့ရတဲ့သူပဲ"

"Jujuလေးကိုကြိုက်ဝံ့တဲ့သူမရှိတာ Jujuလေးရုပ်ဆိုးလို့မဟုတ်ပါဘူး။ Jujuလေးရဲ့ မိသားစုတွေက ကာကွယ် ထိန်းသိမ်းလွန်းနေလို့ပါ။" ဦးဦးရဲ့ စကားတွေထဲမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေပါနေသလိုလိုပဲ။ ဒါပေမယ့် Jujuသေချာတောင်မတွေးလိုက်ရသေးဘူး သူက ဆက်ပြောတယ်"ကျင်းလိန်က...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Jujuရဲ့မျက်လုံးတွေလက်ဖက်ရည်ပန်းကန်လုံးလောက်ကျယ်သွားတယ်။ ကျင်းလိန်က ဦးဦးဧကရာဇ်လောက် ကို စွမ်းတယ်တဲ့လား??? ဒါကရှင်းရှင်းလေးပင်မယ့် Juju ဦးနှောက်လေးထဲမှာ ဗြောင်းဆန်သွားတယ်။

Three Lifetimes ( သုံးဘဝသက်တမ်း) Where stories live. Discover now